Ep-(8)

742 61 0
                                    

နီနီ့ကို စိတ်ထဲရှိတာ‌တွေဖွင့်‌ပြောပြီး ကျောင်းကနေအပြန် လမ်းမှာရပ်စောင့်နေတဲ့ချယ့်ကိုတွေ့လိုက်တယ် ချယ့်ရဲ့အရိပ်ကလေးမြင်‌ရင်တောင်‌ အလိုလိုပြုံးမိတဲ့ကျွန်မပါ။

"ချယ် ဒီမှာဘာလုပ်နေတာလဲ အချိန်ပိုင်းအလုပ်သွားရမယ့်အချိန်မဟုတ်လား?"

"ဟုတ်တော့ဟုတ်ပင်မဲ့ မ ကိုပြောစရာ ရှိလို့စောင့်နေတာ "

"ဘာပြောမလို့လဲ ပြောလေ"

"ဒီတစ်ပတ်ပိတ်ရက်ကျရင်ချိန်းထားတာရှိလား မရှိရင်ချယ်နဲ့ date ရအောင်"

ချယ့်ရဲ့မျက်၀န်းလေးကိုငေးကြည့်ရင်းရှာမိတဲ့အဖြေက ကျောင်းမှာတင်မဟုတ်ပဲပိတ်ရက်မှာdateဖို့အထိ မိုးကအရေးကြီးသလား ဘာပဲဖြစ်ဖြစ်အခုလည်း အဲ့ကောင်မလေးဆီသတင်းရောက်နေလောက်ပြီထင်တာပဲကို ချယ်ရယ်မိုးကိုအဲ့သလောက်ချစ်သလား သူမင်းကိုနာနာကျင်ကျင်နဲ့မေ့နိုင်အောင်ကြိုးစားရလောက်တဲ့အထိ.......။

"အထွေးအထူးတော့မရှိပါဘူး ချယ့်သဘောလေ ဘယ်ကိုလာရင်ရပြီလဲ"

"မ ကအိမ်မှာပဲစောင့်နေ ချယ်လာခေါ်မယ် မနက်၈နာရီအတိစောင့်နေမယ် လှလှလေးဝတ်ခဲ့နော် ဆက်ဆက်စောင့်နေမယ်"

ပြုံးစိစိနဲ့အော်ပြောရင်းထွက်သွားတဲ့ချယ့်ကိုကြည့်ပြီး စိတ်အလိုမကျဖြစ်မိတယ် ဘာကိုလဲဆိုတော့ အစစ်မဟုတ်တဲ့ဒီအတုအယောင်ပြဇာတ်ကြီးကိုပေါ့ ကျွန်မလေ ကျွန်မကိုယ်ကျွန်မထက် သူမကိုပိုချစ်မိပြီထင်ရဲ့.....။

။။။။။။။။။။။။။။

ဒီတစ်ပတ်ပိတ်ရက် ok နောက်ဆုံးတော့ မနဲ့တကယ်dateရတော့မယ် ဒါပင်မဲ့ ပိတ်ရက်ကြီးdateမယ်ပြောလိုက်တာ ငါလွန်များသွားလား ဘယ်လိုပဲ ဟန်ဆောင်တွဲတယ်ပြောပြော အပြင်မှာလည်းdateရမှာပေါ့မဟုတ်ဘူးလား ငါ့ရင်ခုန်သံတွေကအစစ်ပဲကို ဒါတွေကို မ ကနားလည်ပါ့မလား ဘာပဲဖြစ်ဖြစ်ပါလေ ငါကအစတည်းက မအပေါ်မှာလွန်နေပြီပဲကို......။

။။။။။။။။။။။။။။

"အစောကြီးရောက်နေတာပဲ"

scoopy လေးပေါ်မှာထိုင်ပြီး ဂျင်းဘောင်းဘီလေးရယ် တီရှပ်အဖြူလေးနဲ့ လွယ်အိတ်ကလေးလွယ်ထားတဲ့ချယ့်ပုံစံလေးက ကြည့်မိတာနဲ့ရင်ခုန်သွားစေတယ် ဒီထဲ လေတိုက်လို့ပျံ့လွင့်လာတဲ့ချယ့်ရဲ့ရေမွှေးနံ့လေး ဒီလူသားလေးကိုဘယ်လိုမကြွေပဲနေပါ့........။

ဆူး နဲ့ ငယ်Where stories live. Discover now