ဒီအတိုင်း ကိုယ်စိတ်သက်သာရာရရင်ပြီးရော ဆိုပြီးထွက်လာခဲ့ပင်မဲ့ အဖေကအဖေပဲမဟုတ်လား...?ကျွန်မအပေါ်မကောင်းပင်မဲ့လို့ ကျွန်မနဲ့ပတ်သက်ပြီးညီးညူတာတော့တစ်ခါမှမရှိခဲ့ပါဘူး... ဒီ့ထပ်ပိုပြီးမပတ်သက်ချင်တော့ပင်မဲ့ အဖေဒုက္ခရောက်မှာကိုတော့မမြင်ချင်ဘူး....ဦးခန့်လက်ထဲကိုထည့်ပေးလိုက်တာ မှန်လားမှားလားမသိခဲ့ပင်မဲ့....ဒီအတိုင်းဆက်သွားရင် ကျွန်မစိတ်ဖြောင့်ဖြောင့်နဲ့နေနိုင်မှာမဟုတ်ဘူး....မဖြစ်တော့ဘူး အဖေ့ကိုပြန်သွားရှာရမယ် ဦးခန့်ရှေ့ကိုအဖေမရောက်ခင် အရင်လက်ဦးမှရမယ် ဦးခန့်စိတ်နဲ့ဆို အဖေပြောသလို သတ်တောင်သတ်ပစ်လိမ့်မယ်ထင်တယ်............။
ကားကိုတစ်ဇွတ်ထိုးပြန်ကွေ့ကာ ငဇွဲတို့သွားတဲ့လမ်းအတိုင်း အရှိန်နှုန်းမြှင့်နိုင်သမျှမြှင့်ပြီး အဖေရှိရာဆီသို့....နောင်တတွေနဲ့တော့အသက်မရှင်ဘူး မေမေ....မုန်းတဲ့အဖေဆိုရင်တောင် ချယ်ကြောင့်နဲ့တော့အဖေ့ကိုတစ်ခုခုမဖြစ်စေချင်ဘူး.......။
"ချယ် ဘာပြန်လာလုပ်တာလဲ...?ဘာလဲ...နင့်အဖေကို ကိုယ်တိုင်လိုက်ပို့ချင်လို့လား....?""စကားတွေရှည်မနေနဲ့ ငဇွဲ....ငါစိတ်ပြောင်းသွားပြီ...နင့်ကားကိုအခုရပ်လိုက်......"
ငဇွဲက ကျွန်မစကားကိုနားမထောင်...အရှိန်ကိုပိုမြှင့်ဖို့လုပ်တော့.....မတတ်နိုင်ပဲ အရှေ့ရောက်အောင်မောင်းပြီး သူ့ကားရှေ့ကိုပိတ်ရပ်လိုက်ရတယ်......။
"ကားကိုဘယ်လိုမောင်းနေတာလဲ...? ငချယ် နင်သေချင်နေတာလား..?နင်တင်မဟုတ်ဘူး...ငါတို့ပါသေသွားလိမ့်မယ်..."
"ငါကဘာလို့သေရမှာလဲ...?သေချင်နင်တို့ပဲသေ...အခုကားပေါ်က ငါ့အဖေကိုဆင်းခိုင်းလိုက်...."
"ငချယ် နင်ဒါဘာသဘောလဲ....?"
"နင်မြင်တဲ့အတိုင်းပဲလေ....နင်တို့လက်ထဲကိုငါ့အဖေကိုမထည့်ပေးနိုင်လို့ပေါ့...."
"ချယ် နင်ဒီလိုဆက်လုပ်နေရင်....ငါအားနာမှာမဟုတ်တော့ဘူးနော်...."
" အဖေ ကားထဲမှာရှိနေလား....?"
"အင်း ရှိတယ်..."
"သမီးလေ အဖေ့ရဲ့အကွက်တွေကိုမမြင်ရတာကြာပြီ ဘယ်လိုလဲ...?အရင်အတိုင်းပဲလား...?"
YOU ARE READING
ဆူး နဲ့ ငယ်
Romanceလောကကြီးအကြောင်းဘာမှမသိတဲ့ချူး၊လောကကြီးထဲရဲ၀င့်စွာတစ်ယောက်ထဲကျင်လည်နေတဲ့ချယ်၊ နှစ်ယောက်ကြားထဲပေါက်ဖွားလာသောအချစ်....... အရာရာလွယ်ကူတယ်လို့ထင်တဲ့ချူး ချယ်နဲ့တွေ့မှအရာအားလုံးဟာအသစ်ဆန်းဖြစ်ပြီး ခက်ခဲစွာအချစ်ကိုဝန်ခံခဲ့ခြင်း............ ကြမ်းတမ်းတဲ့ပတ်ဝ...