Ep-(30)

816 59 1
                                    

"ငယ် လွမ်းလိုက်တာငယ်ရယ် ဘယ်လိုသိပြီး ရောက်လာတာလဲ....?"

ကိုယ့်ခါးလေးကိုဖက်ပြီး ရင်ခွင်ထဲအတင်းတိုး‌ဝင်ကာ ချွဲလေတော့...ဒီလို မရဲ့ ကိုယ်သင်းရနံ့လေးကို မရှူရှိုက်ရတာတောင်အတော်ကြာခဲ့သလို မ ဆံနွယ်လေးတွေကိုတပ်မက်စွာနမ်းရှိုက်မိနေလျှက်........။

"ကုမ္ပဏီဆီကိုစာရောက်လာတယ် မ ကိုဖြုတ်ချမယ်ဆိုတဲ့အကြောင်းကြားစာပေါ့....အဲ့အကြောင်းသိသိချင်းလိုက်လာခဲ့တာ အရမ်းနောက်မကျလို့တော်သေးတာပေါ့......."

"ငယ်ကလေ မ ခက်ခဲတဲ့အချိန်တိုင်းအမြဲရောက်လာတယ်နော်...ဒါနဲ့ ဆောင်းက အဲ့အိမ်ကလို့ မ မသိခဲ့ဘူး....ငယ် ကအစတည်းကသိတာလား ဟင်...?"

"ဟင့်အင်း....ရှေ့ရက်ကမှ ကုမ္ပဏီအကြောင်းတွေလေ့လာရင်းနဲ့ ဒီနယ်ပယ်ကလူတွေအကြောင်းကို သိထားရမယ်ဆိုမှ သူ့အကြောင်းကိုသိတာ....."

"ဒီနယ်ပယ်က လူတွေအကြောင်းအကုန်လေ့လာပြီးသွားပြီပေါ့...."

"အင်း ချယ် အကြိုက်ဆုံးတစ်ယောက်တော့ရှိတယ်... သူ့နာမ်မည်က ဘာဆိုလား..? ဒါရိုက်တာ....ဒါရိုက်တာ ချူး....?"

"စမနေနဲ့တော့...နေလို့ကောကောင်းရဲ့လား..?အရမ်းအလွန်အကျွံတွေလုပ်မနေနဲ့နော်....ကိုယ့်ခန္ဓာကိုယ်ကိုလည်းဂရုစိုက်......."

"ဟင့်အင်း ...မ ကဂရုစိုက်ပေးရမှာပေါ့...ချယ့်ရဲ့မိန်းမပဲဟာကို....."

"ဘယ်သူကပြောလဲ....?"

"ဒါနဲ့ ဘာလို့ ချယ့်ကိုလာမတွေ့တာလဲ..?လွမ်းတယ်ဆိုပြီးတော့...?မဟုတ်မှ ဆောင်းရဲ့စကားတွေကြောင့်မို့လား.....?"

"ဟင် ချယ် ကြားလိုက်တာလား...?"

"မကြားပါဘူး...အဖိုးပြန်ပြောပြတာ....အဲ့နေ့က အဖိုးကဆေးရုံအခန်းထဲဝင်ဖို့လုပ်နေတုန်း မ တို့ပြောတာတွေကို မထင်မှတ်ပဲ ကြားခဲ့တာတဲ့...."

"အဲ့လိုကိုး......"

"အဲ့တာကြောင့်လေ မ ဘယ်သူ့စကားကိုမှနားမထောင်ပဲ ချယ့်ကိုပဲယုံပြီး ချယ့်နားမှာပဲနေပေးလို့မရဘူးလား......?"

ကိုယ့်ပခုံးပေါ် နဖူးလေးနဲ့ပွတ်သပ်ကာ သူ့ဘေးနားမှာနေပေးဖို့တောင်းဆိုနေတဲ့ငယ် အရင်အတိုင်းဆို ချက်ချင်းအဖြေပြန်ပေးလိုက်နိုင်ပင်မဲ့ အခုတော့ နည်းနည်းကြောက်နေမိတယ်.... ကိုယ့်ကြောင့် ချယ်လေးထပ်ပြီးထိခိုက်သွားမလာဆိုတဲ့အတွေးတွေက ခေါင်းထဲမှာနေရာယူထားတုန်းမို့........။

ဆူး နဲ့ ငယ်Where stories live. Discover now