Ep-(26)

682 54 1
                                    

"မနက်စာကတော့ ငယ့်အတွက် ကြက်ပေါင်းမှာထားတယ်..ငယ်က အားပြတ်နေတာမို့လေ...‌ဗိုက်ဆာနေပြီလား...?မှာထားတာတော့ကြာပြီ...ရောက်တော့မယ်ထင်တယ်...."

"မ အခုကဘယ်မှာလဲ...?"

"မေ့သွားပြီလား..ငယ်လေးရဲ့..?မ ရဲ့ရုံးခန်းထဲမှာလေ မနေ့ကစကားပြောနေရင်း ငယ် မေ့လဲသွားတော့...မ လည်းအိမ်ပြန်ပို့မနေတော့ပဲ...ဒီမှာရှိတဲ့ မ အိပ်ယာမှာပဲ ငယ့်ကို သိပ်လိုက်တာ....."

"ဒါရိုက်တာကြီးက မတူတာတော့မတူတာပဲနော်....ရုံးခန်းထဲမှာတောင်အိပ်ခန်းပါသေးတယ်..ငါ့ကောင်မလေးက တကယ်ရှူးးးဂါးးးမာမီပဲ...."

"မနက်စောစောစီးစီး ဖားနေတာပါလား...?ပြောလိုချင်တာဘာလဲ......?"

"ချယ် ကလေ... ကြက်ပေါင်းကြီးမစားချင်ဘူး....."

"ဟားဟား....ကဲ ပြော ...ငယ်‌လေး စားချင်တာဘာလဲ....?"

"ချယ်က အခု အားရှိဖို့လိုနေတာဆိုတော့လေ အသားတွေအများကြီးစားမှဖြစ်မယ်ထင်တယ်နော်....."

"စားချင်တာက ဟော့ပေါ့..ဆိုပါတော့...."

"ဝါးးးတို့ မမက ရှူးဂါးမာမီတင်မဟုတ်ဘူး... ဉာဏ်ကြီးရှင်ပါဖြစ်နေတာပဲ...."

"တော်ပါနော်...မျက်နှာသွားသစ်တော့...မြန်မြန်သွားစားရအောင်...ပြောရင်းနဲ့ မ ပါဗိုက်ဆာလာပြီ....."

"ဟုတ်.."

။။။။။။။။။။။။။။။။။။။။။။။။။

"မ ငယ့်ကိုလေ ဒီအသားလေးနဲ့ ဒီအရွက်လေးရယ်..ဒီအချဉ်လေးရယ်..ဒီမှိုလေးရယ်နဲ့ ထုပ်ကျွေးပါလား ဟင်..နော်.."

နေမကောင်းဖြစ်ပြီးမှ အချွဲစိန်လေးကိုဖြစ်လို့.... ကိုယ့်မှာလည်း ဒီကလေးတစ်ယောက်ရှိတာ အလိုလိုက်ရမှာပေါ့ ဟုတ်တယ်ဟုတ်....။

"ဟပါဦး...အာ.......အရသာရှိလား ..?"

"အွန်း မ ခွံ့ကျွေးတာမို့ ပိုပြီးတော့တောင်အရသာရှိသေးတယ်ဗျာ...."

"ဒီနေ့မှ ဘာဖြစ်နေတာလဲ....?ချွဲပျစ်နေလို့ပါလား...?လူနားလည်းအတင်းတွေတိုးကပ်နေတာ...ကြောင်စိတ်များပေါက်နေသလားပဲ...."

"အများကြီးလွမ်းနေခဲ့တာလေ....ဘာလဲ...ဒီလောက်လေးတောင်ချွဲလို့မရတော့ဘူးလား....?ချယ် က မ ရဲ့ငယ်လေးလေ....မဟုတ်ဘူးလားလို့....?"

ဆူး နဲ့ ငယ်Where stories live. Discover now