Ep-(13)

648 52 0
                                    

ချယ်က ကျွန်မရဲ့လက်ကိုဆွဲပြီး စာကြည့်တိုက်အတွင်းထဲကိုခေါ်သွားတယ်... သမိုင်းမှတ်တမ်းတွေထားတဲ့ နေရာအရောက်မှာ စာအုပ်စဉ်ကိုတွန်းလိုက်တော့ ဘုရားရေ..... စဉ်ရဲ့အတွင်းဖက်မှာလျှို့ဝှက်ခန်းလေး.... ပိုပြီးကြာနေပြီဖြစ်တဲ့စာအုပ်တွေကို အဲ့မှာထိန်းသိမ်းထားပုံရတယ်....။

"ချယ် ဒီနေရာကမိုက်လိုက်တာ ချယ်ဘယ်လိုသိတာလည်း..."

"ဒီထဲက စာအုပ်တွေကထိန်းသိမ်းထားဖို့လိုတာမို့ ဘယ်သူ့ကိုမှမပြောပြကြဘူးထင်တယ်... ချယ်လည်းအမှတ်မထင်တွေ့ခဲ့တာ....
ဘယ်လိုလည်း.... ဒီနေရာလေးမိုက်တယ်မလား....?"

"အင်း... ကြိုက်တယ် စာကြည့်တိုက်မှာအလုပ်လုပ်တဲ့ကောင်မလေးရှိတာ.. ကောင်းလိုက်တာ... ဒီလိုနေရာမျိုးကိုလည်း ၀င်လာလို့ရလို့......."

"ခုနက သက်သေလေး ပြန်ပြီးတံဆိပ်နှိပ်ရအောင်လေ..."

"ဟင်? ဘာလဲ... ခုနကဘာဖြစ်ခဲ့လို့လဲ ဘာမှမသိလိုက်ရပါလား....?"

"ဒီလိုပဲ ဟန်ဆောင်နေတော့မှာလား ချူးးးရာ...?"

"အင်းပါ အင်းပါ ( မွ ) ရပြီလား.....?"

နှုတ်ခမ်းချင်းဖိကပ်ရုံလေး နမ်းပြီးတော့...ရပြီလားတဲ့....ချယ့်ကို ကလေးများထင်နေလားမသိဘူး.....။

"မ..ရ..ဘူး....."

တစ်ဖြေးဖြေးချင်း ချယ်က ကျွန်မနားကိုတိုးကပ်လာတယ် ပြီးတော့......ကျွန်မခါးပေါ်ကိုလက်တင်လိုက်တယ်....သူ့ခေါင်းလေးကိုစောင်းပြီး....ကျွန်မနှုတ်ခမ်းလေးဆီကိုဦးတည်လာတယ်......ပြီးတော့ ကျွန်မမျက်လုံးတွေထဲစိုက်ကြည့်ပြီး.........။

"နမ်းလို့ရမလား မ...? ပိုပြီးတော့နက်ရှိုင်းတဲ့ အနမ်းမျိုးနဲ့လေ......"

"မေးစရာလိုသေးလား ချယ်....?"

မဆီက ခွင့်ပြုချက်ရတာနဲ့ ကျွန်မရဲ့နှုတ်ခမ်းလေးကိုအလုပ်ပေးလိုက်တယ်......မရဲ့နူးညံ့တဲ့နှုတ်ခမ်းလေးက သောက်လေသောက်လေငတ်မပြေတဲ့ ရေလိုပဲ ......မရဲ့‌အောက်နှုတ်ခမ်းလေးကိုအရင်စုတ်ယူလိုက်တယ် ပြီးတော့....အပေါ်နှုတ်ခမ်း....မဆီကနေလည်း တုံ့ပြန်အနမ်းတွေနဲ့.....မရဲ့လက်လေးတွေက ကျွန်မရဲ့ပခုံးပေါ်မှာ..... အချစ်တွေနဲ့ပြည့်နေတဲ့ စာကြည့်တိုက်ရဲ့အခန်းကျဉ်းလေးထဲမှာ.....အခန်းကပဲကျဉ်းလို့လား....တို့နှစ်ယောက်ပဲပူးကပ်နေလို့လား....ဒါမှမဟုတ်...ဒီ ပူလောင်တဲ့ပြင်းပြမှုလိုမျိုးအနမ်းတွေကြောင့်လား.....နှစ်ယောက်လုံးပါးထက်မှာ အနီရောင်တွေသမ်းလို့.....အသက်လုရှူရတဲ့အထိ ကျွန်မတို့ရဲ့အနမ်းတွေရှည်ကြာခဲ့တယ်........။

ဆူး နဲ့ ငယ်Where stories live. Discover now