အခုဆို ချယ်နဲ့အဆက်သွယ်မရတာ တစ်ပတ်လောက်ရှိပြီထင်ရဲ့ နီနီဆေးရုံဆင်းတဲ့နေ့က နောက်ဆုံးတွေ့ဖြစ်ခဲ့တာ.....ချူးရဲ့ဘဝထဲကိုချယ်ဝင်လာတုန်းကသိပ်မသိသာပင်မဲ့ ခုလိုရုတ်တရက်ကြီးချယ်မရှိတော့....သိပ်သိသာတယ်....အရမ်းလွမ်းတယ်ချယ်.....ချယ်အလုပ်လုပ်နေကျ နေရာတွေလည်း သွားကြည့်ပါရဲ့....ချယ့်အရိပ်အယောင်လေးတောင်မတွေ့ခဲ့...….ဘယ်ဆီမှာများလည်းချယ်....နွေးထွေးပါတယ်ဆိုတဲ့ ဒီ တစ်ယောက်ရဲ့ ရင်ခွင်ကိုမေ့များမေ့နေပါပေါ့လား......?
"ချူးရယ် ဘာလို့ အဲ့လောက်တောင် စိတ်ဓာတ်ကျနေတာလည်း...အချိန်တန်ရင်သူပြန်လာမှာပေါ့ စိတ်မပူပါနဲ့...သူကနင့်ကိုတကယ်ချစ်တာပါတဲ့ဆို...."
နီနီကလေ ကျွန်မသူငယ်ချင်းလို့မပြောရဘူး နှုတ်ကထုတ်မပြောရင်တောင် ကျွန်မစိတ်ကိုအတွင်းကျကျသိတဲ့သူမျိုး...ခုလည်းကြည့်...ကျွန်မ ဘာဖြစ်နေလဲဆိုတာ သူသိနေပြန်တယ်....ဒါမှမဟုတ်....ကျွန်မအမူအယာတွေက အရမ်းသိသာနေတာများလား....?
"နင်ကဘယ်လိုသိလည်း....ချယ်ကငါ့ကိုတကယ်ချစ်မှန်း....?ငါတောင်သေချာမသိသေးဘူး ချယ်ရဲ့စိတ်ကို......"
"ဘာလို့သိဆို....ငါသူ့ကိုမေးလိုက်တယ်လေ နင့်ကိုသိပ်ချစ်တယ်တဲ့....နင်လည်းသူ့ကိုချစ်တယ်မဟုတ်လား...?အဲ့တာဆို အဖြေကထွက်နေပြီ..စိတ်ရှည်ရှည်နဲ့သာသူပြန်အလာကိုစောင့်နေလိုက်...စိတ်ပူမနေနဲ့တော့....ok?"
"အေးပါလေ ငါလည်းဘာမှမှမတတ်နိုင်တာ....ငါသိတာဆိုလို့ စက်ပိတ်ထားတဲ့သူ့ဖုန်းနံပါတ်လေးတစ်ခုတည်းရယ်....."
။။။။။။။။။။။။။။။။။။။
လွမ်းနာကျနေပါတယ်ဆိုမှ ရာသီဥတုကလည်း ကိုယ့်ဖက်မပါ....အုံ့ဆိုင်းမှုံမှိုင်းလို့ရယ်...ချယ်မရှိတဲ့ကျောင်းကိုလည်းမသွားချင်ဘူး...ဒီနေ့တော့ဒီအတိုင်း ဆေးသောက်ပြီးနားလိုက်ချင်ရဲ့....။"ချူးလေး မေမေဝင်ခဲ့မယ်နော်"
"ဟုတ်ကဲ့ မေမေ"
"ခုတလော ဘာဖြစ်နေတာလည်း သမီးရယ် ထမင်းလည်းကောင်းကောင်းမစား....မှန်းစမ်း..နေများမကောင်းဘူးလား....?ဟုတ်ပါရဲ့တော် ....သမီးလေး အဖျားရှိနေတာပဲ....မဖြစ်ဘူး သမီးဖေကြီးကိုဆရာဝန်ခေါ်ခိုင်းလိုက်မယ်..."

YOU ARE READING
ဆူး နဲ့ ငယ်
Romanceလောကကြီးအကြောင်းဘာမှမသိတဲ့ချူး၊လောကကြီးထဲရဲ၀င့်စွာတစ်ယောက်ထဲကျင်လည်နေတဲ့ချယ်၊ နှစ်ယောက်ကြားထဲပေါက်ဖွားလာသောအချစ်....... အရာရာလွယ်ကူတယ်လို့ထင်တဲ့ချူး ချယ်နဲ့တွေ့မှအရာအားလုံးဟာအသစ်ဆန်းဖြစ်ပြီး ခက်ခဲစွာအချစ်ကိုဝန်ခံခဲ့ခြင်း............ ကြမ်းတမ်းတဲ့ပတ်ဝ...