Ep-(7)

763 68 0
                                    

"ကဲ ပြော ချူးက ချယ်နဲ့dateမှာလား"

"ဟင် ရုတ်တရက်ကြီးဆိုတော့......."

"ဒီအတိုင်း မိုးရှေ့မှာပဲdateချင်ယောင်ဆောင်ပေးရင်ရပါပြီ ကူညီနိုင်တယ် မလား ချူးး"

ဘယ်လို မိုးရှေ့မှာdateချင်ယောင်ဆောင်ရမယ်တဲ့ ကျွန်မကိုအယောင်ဆောင် dateတာပေါ့ ဘယ်လိုတောင်လုပ်ရက်တာလည်း ချယ်ရယ် ဘာပဲဖြစ်ဖြစ်ပါလေ ကိုယ့်နှလုံးခုန်သံတွေကို သူမသိသေးသ၍ ကိုယ့်ဘက်ကအဆင်ပြေပါတယ် တိုးတိုးတိတ်တိတ်လေးပဲခိုးချစ်ပါ့မယ် ချယ် ရယ်....။

"ဒီလောက်ကတော့ ကူညီနိုင်ပါတယ် ချယ်နဲ့dateပေးရင် ချယ်ကချူးကိုဘာပြန်လုပ်ပေးမှာလဲ"

"ချူးဖြစ်ချင်တာတောင်းဆိုတာမှန်သမျှ တွဲနေတဲ့အတောအတွင်းအကုန်ဖြည့်စည်းပေးမယ် အဲ့ဒါဆိုရမလား ချူး"

"Ok call"

။။။။။
ချူးရယ် ချူးနဲ့ဆိုရင် ဟန်ဆောင် dateခွင့်လေးပဲ ရရင်တောင် ကျေနပ်ပါတယ် ချူးရဲ့ဘေးနားမှာရှိခွင့်လေးနဲ့တင် ပြည့်စုံပါတယ်။

"အဲ့တာဆို ဒီနေ့ကစပြီး ပထမနေ့နော် ချူး"

"အခုတည်းကလား"

"ဒါပေါ့ ဘာလို့အချိန်ဆွဲနေဦးမလဲ ဒီကျောင်းထဲမှာ မိုးရဲ့ဘော်ဒါတွေဘယ်လောက်တောင်များလဲ အဲ့တာကြောင့် ချယ်တို့ကောင်းကောင်းသရုပ်ဆောင်ရမယ်နော် ချူး"

"အဲ့လောက်တောင်လား "

"အင်း အဲ့လောက်တောင် လာသွားမယ်"

။။။။။။။

ပြောပြောဆိုဆိုနဲ့ကျွန်မလက်ကိုဆွဲပြီးထွက်သွားတဲ့ချယ့်ကိုသူ့ဆံနွယ်‌လေးတွေနောက်ကနေခိုးကြည့်ရင်း ကျွန်မပြုံးနေမိတယ် ဒါကအတုအယောင်ဆိုရင်တောင် ကျေနပ်စွာနဲ့ဒီဇာတ်ကိုကမှာပါ......။

"ထိုင် ချူး"

"ဒီကိုဘာလို့လဲ"

"ဘာလို့ရမှာလဲ ရည်းစားတွေရဲ့ပထမဆုံးdateမှာ ကျိန်းသေပေါက် မုန့်အတူတူစားကြတယ်လေ ခု ချယ်တို့လည်းအဲ့လိုလုပ်မလို့ ဘာစားမလည်း မ......"

ဟင် မ တဲ့ ကျွန်မရဲ့နှလုံးသားမြေမှာ အင်အားကြီး‌ငလျင်တစ်ခုလှုပ်ခက်သွားသလို ခန္ဓာကိုယ်တစ်ခုလုံးကို ရှော့ရိုက်လိုက်သလို တုန်ခါသွားစေတဲ့  ချယ့်နှုတ်ခမ်းဖျားလေးက ထွက်လာတဲ့ နာမ်စားလေးတစ်လုံး 'မ'။

ဆူး နဲ့ ငယ်Where stories live. Discover now