Ep-(19)

568 48 0
                                    

စာကြည့်တိုက်မှာ လွတ်သွားတဲ့စာတွေပြန်လေ့လာနေရင်း...နာရီလက်တံခြောက်နာရီထိုးခါနီးတော့... ကိုယ့်မှာစာအုပ်ထက် ဖုန်းကိုပဲကြည့်နေမိတော့တယ်... သူလေးများဖုန်းဆက်လာလေမလား..? message ပို့လာလေမလား...?သူ့အလုပ်ဆင်းချိန်လည်းနီးလာပြီကိုး......။တိတ်ဆိတ်နေတဲ့ စာကြည့်တိုက်ထဲမှာ ပေါ်ထွက်လာတဲ့ vibrateသံလေးတစ်ခု...ဖုန်း screen လေးကိုအမြန်ဖွင့်ပြီးဖတ်ကြည့်လိုက်တော့......။

💌(မ ချယ်ကျောင်းရှေ့မှာစောင့်နေတယ်နော်..❤️)

စာလေးတစ်ကြောင်းသာ... message လေးတစ်စောင်သာဆိုပင်မဲ့...အလိုလိုပင်ကိုယ်ပြုံးနေမိတယ်.....ချယ့်messageလေးတစ်စောင်ရဲ့ ကိုယ့်အပေါ်သက်ရောက်မှုက ဒီလောက်တောင်ပါ.....။

💌(အခုထွက်လာခဲ့ပြီ ခနစောင့်နော် ငယ်❤️❤️)

ချယ့်ကိုအကြောင်းပြန်ပြီးတာနဲ့ စာအုပ်တွေအမြန်သိမ်းပြီး ကျောင်းရှေ့ကိုသာ........ဟော တွေ့ပါပြီ...ဆိုင်ကယ်လေးကိုမှီကာ ဦးထုပ်လေးကိုလက်ကကိုင်ပြီး ကျွန်မကိုစောင့်နေတာ...ကျွန်မကိုလည်းတွေ့ရော သွားလေးတွေပေါ်အောင်ရီပြနေလေရဲ့ နေ့လည်လောက်အထိအတူရှိနေပြီး ခွဲရတာ၈နာရီပင်မပြည့်သေးပင်မဲ့ သိပ်ကိုလွမ်းနေခဲ့ရသူပါ ချယ်ရယ်.....။

"အကြာကြီးစောင့်နေရသေးလား...ချယ်?"

"မစောင့်ရပါဘူးဗျာ...ရော့ ဦးထုပ်ဆောင်း..အိမ်ကိုပဲတန်းသွားမှာမလား...?"

"အင်း ဒါနဲ့ ဒီပန်းစည်းကဘယ်သူ့အတွက်လည်း...မဟုတ်မှ ..မအတွက်များလား....?"

"မဟုတ်ပါဘူး ချူးရဲ့အမေအတွက်လေ..ဒီတိုင်းလက်ဗလာကြီးနဲ့မသွားချင်လို့...ဘာဝယ်ရမှန်းလည်းမသိတာနဲ့...ပန်းပဲဝယ်လာခဲ့တယ်..အဆင်ပြေတယ်မဟုတ်လား...?"

"တို့မေမေတော့ပျော်နေတော့မှာပဲ....ပန်းလက်ဆောင်ရလို့.......။

။။။။။။။။။။။။။။။။။။။။။။။။။။။။

"ဖေကြီးရေ ချူးလေးတို့လာကြပြီ...."

"ဟေ....လာ လာ သမီးတို့ ချူးမေမေကသမီးတို့ကိုစောင့်နေတာ.... "

"အန်တီ...ဒါအန်တီ့အတွက်လက်ဆောင်ပါ...."

"ဟယ် ပန်းလေးတွေက လှလိုက်တာကွယ် ...သမီးချယ် ကအမြင်ရှိသားပဲ....."

ဆူး နဲ့ ငယ်Where stories live. Discover now