Ep-(10)

748 57 0
                                    

ရုတ်တရက်ဖွင့်‌ပြောတယ်လို့ မက ထင်ချင်ထင်လိမ့်မယ် ကျွန်မဘက်ကတော့ မကိုစသိတဲ့နေ့ကစပြီး ဖွင့်ပြောဖို့ကြိုးစားခဲ့တာပါ မဘက်ကလက်ခံတာ ငြင်းတာ ဘာကိုမှဂရုမစိုက်ဘူး ဒီအတိုင်း မကို ကျွန်မချစ်တာ မ သိရင်ဆိုတဲ့စိတ်နဲ့ဖွင့်ပြောခဲ့တာပါ မက ကျွန်မကိုရှောင်ဖယ်သွားရင်တောင်အဆင်ပြေပင်မဲ့မအနားမှာသူငယ်ချင်းလိုမျိုးမနေချင်ဘူး ဟန်ဆောင်ပြီး မ အနားမှာနေရမှာထပ် မ ကိုချစ်ကြောင်းသိစေချင်ခဲ့တယ် အဲ့တာကြောင့်သတ္တိမွေးခဲ့ရတာပေါ့.....။

"ချယ် အခု ဘာပြောလိုက်တာလဲ?"

"မကို ချစ်တယ်လို့ မကို စမြင်ကတည်းက ချစ်နေတာပါ မကချယ့်ကိုလက်ခံတာ လက်မခံတာ အရေးမကြီးဘူး ဒီအတိုင်း မကိုသိစေချင်တယ် ချယ် မကိုအရမ်းချစ်တယ်ဆိုတာကို ဒါဆိုရင်ပဲ ခုလိုဖွင့်ပြောရတာကို နောင်တမရပါဘူး"

"ချယ် အခု ဆိုင်ကယ်ရပ်လိုက်"

"ဘာလို့လဲ စိတ်ဆိုးသွားတာလား?မကို ဒေါသထွက်စေတယ်ဆိုရင် ချယ် တောင်းပန်ပါတယ်"

"ရပ်ဆိုရပ်လိုက်ကွာ"

မကတကယ်စိတ်ဆိုးသွားတယ်ထင်ရဲ့ ချက်ချင်းဆိုင်ကယ်ရပ်ခိုင်းလို့ ကျွန်မလည်းလမ်းဘေးကပ်ပြီးရပ်ပေးလိုက်ရတယ် ပြီးတော့ မက ကျွန်မဘေးနားကိုလာရပ်တယ် ကျွန်မကတော့ ဆိုင်ကယ်ပေါ်မှာထိုင်ပြီး မနှုတ်ခမ်းကထွက်လာမဲ့ စကားကိုစောင့်နေရတာပေါ့..... ငြင်းလည်းကိစ္စမရှိဘူးဆိုတာ တကယ့်စိတ်ရင်းမဟုတ်ခဲ့ပါဘူး ရင်ထဲကမျှော်လင့်နေခဲ့တာပေါ့ ကျွန်မကိုမရဲ့ချစ်သူအဖြစ်လက်ခံစေဖို့ကို................မရဲ့မျက်ဝန်းတွေကို ချယ်မဖတ်တတ်ဘူး မရဲ့စိတ်ထဲခုဘာတွေးနေလဲမသိဘူး ကျွန်မနားတိုးကပ်လာပြီးဒေါသထွက်နေလားမသိတဲ့မျက်ဝန်းတွေနဲ့ကျွန်မကိုစိုက်ကြည့်နေတယ် ကျွန်မအခုသိတာက မက အနီးကပ်ကြည့်လည်းတကယ်လှတယ်ဆိုတာပဲ....။

"ချယ် ချူးမျက်လုံးကိုသေချာကြည့်ပြီးပြော ခုနကပြောတဲ့စကား....ဘာအဓိပ္ပာယ်လဲ??"

ကျွန်မကမေးနေပင်မဲ့ ချယ့်ဆီကထပ်ပြီး‌အဖြေကိုမကြားရပါဘူး ချယ်ကတကယ့်စိတ်ရင်းနဲ့ကျွန်မကိုဖွင့်ပြောတာလား ဒီအတိုင်းနောက်လိုက်တာလား ကျွန်မဝေခွဲမရဘူး ဒါကြောင့်မို့ သူ့မျက်နှာကိုကြည့်ပြီး အဖြေရှာချင်ခဲ့တာ တကယ်ပဲကျွန်မလိုပဲချယ်လည်းခံစားနေရမလားဆိုတာကို ချယ့်ရဲ့မျက်ဝန်းတွေကတစ်ဆင့်သိချင်နေမိတယ် ..... ချယ့်ရဲ့မျက်ဝန်းတွေထဲကြည့်ပြီးအဖြေရှာနေတုန်း ရုတ်တရက် ချယ်ကကျွန်မလက်ကိုဆွဲပြီး သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်တယ် ပြီးတော့ ဆိုင်ကယ်ဦးထုပ် မေးသိုင်းကြိုးကို ဆွဲပြီး ကျွန်မနှုတ်ခမ်းကိုနမ်းလာတယ် ချယ်ဒီလိုလုပ်တာ ဒါပထမဆုံးအကြိမ်မဟုတ်ပင်မဲ့ ကျွန်မရင်တွေခုန်နေခဲ့တာပါ ဘာကြောင့်မှန်းမသိ ဒီလိုအခြေအနေကိုစောင့်နေသလိုမျိုး ကျွန်မရဲ့နှုတ်ခမ်းတွေကလည်း ချယ့်ကိုတုန့်ပြန်နေမိတယ် ဘေးမှာကားတွေဖြတ်သွားနေတာ သိပင်မဲ့ဂရုမစိုက်နိုင်တော့ပါဘူး ခုချိန်မှာတော့ ချယ်ရဲ့နွေးထွေးတဲ့နှုတ်ခမ်းဖူးဖူးလေးကိုပဲ အာရုံစိုက်နေမိတယ်.....။

ဆူး နဲ့ ငယ်Where stories live. Discover now