Ep-(1)

2.9K 118 0
                                    

ဒီနေ့ရဲ့ကောင်းကင်ကြီးကတော့အရင်ကထက် ပိုလှနေသလို ရာသီဥတုကလည်း သာယာတဲ့နေ့လေးတစ်နေ့ပါပဲ ဘယ်အရာကိုပဲကြည့်ကြည့် လှပနေသလိုပဲ အထူးသဖြင့် မှန်ထဲက ကျွန်မရဲ့ပုံရိပ်လေးပေါ့ ဘလောက်အင်္ကျီအဖြူလေးရယ်အပြာ‌ရောင်စကပ်အတိုလေးနဲ့ တကယ်ကိုဂရုတစိုက်၀တ်ထားတာ ဘာလို့လဲဆိုတော့ ဒီနေ့က တက္ကသိုလ်တက်ရမယ့် ပထမဆုံးနေ့လေးပေါ့ ကျွန်မဘ၀ကတကယ်ကိုပေါ့ပေါ့ပါးပါးပါပဲ အရမ်းကိုလွယ်ကူတယ်ပဲပြောရမလား ကျွန်မကိုမွေးလာကတည်းက ပါပါးကလည်း စီးပွားရေးတွေအဆင်ပြေပြီး တစ်ရှိန်ထိုးအောင်မြင်လာတယ် မိသားစုကလည်းတကယ်ကိုသာယာတဲ့မိသားစုလေးပါ ကျွန်မဘ၀မှာ စာလုပ်တာကလွဲရင်ဘာမှ မခက်ခဲဘူး မိဘတွေကလည်းအရမ်းချစ်တော့အလိုလိုက်ကြတယ် အဲ့တော့ ကျွန်မဘ၀က မခက်ခဲဘူးပေါ့

"ချူးရေ မြန်မြန်ဆင်းလာတော့လေ ဒီလိုနဲ့ ပထမဆုံးကျောင်းတက်ရမယ့်နေ့ကို ထမင်းမစားပဲသွားနေရဦးမယ်"

အောက်ထပ်က အမေ့ရဲ့ခေါ်သံကြားမှပဲ အတွေးထဲနစ်နေတဲ့ကျွန်မသတိကပ်မိတော့တယ်

"ကယ် ချူးရေ နင်လှတာနင်သိတယ်မလား မြန်မြန်ထမင်းစားဖို့သွားရအောင်လို့"

စိတ်ထဲကနေပြောလိုက်ပြီး မှန်ရှေ့ကမြန်မြန်ထွက်လာခဲ့ရတယ် ဒီနေ့မနက်menuကတော့ ရှမ်းခေါက်ဆွဲနဲ့အီကြာကွေး အမေပြင်ပေးတဲ့မနက်စာကို ကမန်းကတန်းစားပြီးတာနဲ့ ပါပါးက ကျောင်းလိုက်ပို့ဖို့အသင့်ဖြစ်နေပြီ ကားပေါ်မှာပါပါးက ထုံးစံအတိုင်းဩဝါဒ တွေချွေနေတာပေါ့ တဟုတ်ဟုတ်နဲ့သာ ပြန်ဖြေနေရတာ ဘာတွေပြောသွားမှန်းတောင်မမှတ်မိလိုက်ပါဘူး ဘယ်မှတ်မိပါ့မလဲ ကိုယ်က ကျောင်း‌ရောက် ‌ဖို့ပဲစိတ်အားထက်သန်နေတာကိုး ကျောင်းရှေ့မှာပါပါးကားရပ်တာနဲ့ အပြေးဆင်းသွားမိတာ နှုတ်တောင်မဆက်မိဘူး အိမ်ရောက်ရင်တော့ လျှပ်ပြာနေတာပဲဆိုပြီးအဆူခံရမှာသေချာနေပြီ

"ချူးးးးး"

အဝေးကခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ နီနီ

"နီနီနင်ကျောင်းကိုအစောကြီးရောက်လို့ပါလား"

"ငါတို့ရဲ့ပထမဆုံးတက္ကသိုလ်နေ့လေးလေ ကျိန်းသေပေါက် တက်ကြွနေရမှာပေါ့ နင်ကကောဘာလို့နောက်ကျနေတာလဲ "

ဆူး နဲ့ ငယ်Where stories live. Discover now