Zawgyi
"သွန်းငယ် အနွေးထည်ဝတ်ထား"
"အွန်း မောင်ဝတ်ပေး"
စိုင်းရှင်းနောင် သွန်းငယ်အလိုကျအကွက်အနွေးထည်လေးအားဝတ်ပေးလိုက်သည်။မနေ့ကညကဖြစ်ပြီးကိုယ်ငွေ့လေးပါနည်းနည်းရလာတဲ့သွန်းငယ်ကညကထဲကလေးများလိုဂျီကျနေသည်။မနက်ကအလုပ်ထသွားဖို့ရာပေးမသွားတာကြောင့်ကိုလင်းကိုဖုန်းဆက်ကာအလုပ်ခွင့်တိုင်ရသည်။
"မောင် ငါလည်းဝိုင်းလျော်ခြင်တယ်။"
အိပ်ယာခင်းတွေစောင်တွေခေါင်းအုံးတွေလျော်နေတဲ့စိုင်းရှင်းနောင်အားသွန်းငယ်ကထပြောသည်။သွန်းငယ်ကသူနဲ့ခပ်လှမ်းလှမ်းမှာငုပ်တုတ်လေးထိုင်နေရှာသည်။စိုင်းရှင်းနောင် သွန်းငယ်ကိုပြုံးပြရင်း
"ဒါ ယောကျာ်းအလုပ်"
စိုင်းရှင်းနောင် ကိုယ်ကိုကိုယ့်ယောကျာ်းဟုသုံးနှုန်းလိုက်သည်။ချက်ခြင်းမျက်နှာလေးရဲတက်သွားတဲ့သွန်းငယ်ကရှက်သွားပုံပင်၊ထစ်အစွာစကားတွေပြောလာသည်။
"ဘ ဘာကို ယော ယောကျာ်းလည်း"
"ဟား ဟား သွန်းငယ်ရှက်နေလား။"
"ဘယ် ဘယ်သူကရှက်နေလို့လည်း မောင်နော်"
"ဟုတ်ပါပြီး။အဲ့နားမှာဘဲနေနော်။နေမကောင်းဖြစ်ချင်နေတာကိုရေတွေမထိနဲ့"
"ငါပျင်းတယ်လေ"
"မောင်နဲ့စကားပြောပေါ့"
"ပြီးရော စပြောပြီးနော်"
သွန်းငယ်ကိုလှည့်ကြည့်တော့အရှိန်ယူသည့်အနေဖြင့်ပါးစပ်သေးသေးလေးကလေတွေမှုတ်ထုတ်နေသည်။
"မောင့်ကိုချစ်တယ်။မောင့်ကိုအရမ်းချစ်တယ်။မောင့်ကိုအာဘွားပေးချင်တယ်။မောင်ထမင်းခွံကျွေးတာစားချင်တယ်။မောင်နဲ့အတူဘုရားတွေသွားချင်တယ်။မောင့်လက်ပေါ်မှာအိပ်ချင်တယ်။မောင့်ကိုဒီပါးစပ်သေးသေးလေးနဲ့ငုံထားချင်တယ်။မောင့်ကိုသဝန်တိုတယ်။"
"မောင်ရေဖရဲသီးစားချင်တယ်။ထောပတ်သီးဖျော်ရည်လည်းသောက်ချင်တယ်။နံနတ်သီးလည်းစားချင်တယ်။နဂါးမောက်သီးလည်းစားချင်တယ်။ပန်းသစ်တော်လည်းစားချင်တယ်။မောင့်ကိုလည်းစားချင်တယ် အယ်"
YOU ARE READING
မောင့်သွန်းငယ်/မောင့်သွန်းငယ်
Romance"ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင်အထည်ဖော်ရင်ပါရမီဖြည့်ပေးမယ့်လူတစ်ယောက်ဖြစ်ချင်တာမို့ကျွန်တော်နောက်ကိုလိုက်ခဲ့ပါ။သွန်းငယ်" "ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်ေ...