ep47

21.3K 1.2K 317
                                    

Unicode

"စိုင်းရှင်းရေအများကြီးပျော်ခဲ့နော်၊"

ပျော်ခဲ့ဖို့ပြောနေသောမနှင်းသည်ကိုယ်တိုင်ကျမျက်ရည်လေးဝဲနေသည်။ပွေ့ဖက်ကာနှစ်သိမ့်ပေးခြင်းသော်လည်းသူ့ခန္ဓာကိုယ်ကအပူချိန်တွေတတ်နေသည်လေ။ခပ်ပါးပါးသာပြုံးပြလိုက်သည်။

"ဘယ်တွေသွားမှာလဲ။နေလဲသိပ်ကောင်းသေးတာမဟုတ်ဘဲ"

"ရောက်တက်ရာရာပေါ့။အကိုတို့စိုးရိမ်စရာမရှိတဲ့နေရာလေးကိုသွားမှာမို့စိတ်ပူစရာမလိုဘူးနော်"

"အဲ့လိုအပြောတွေကြောင့်ငါတို့မှာသေအောင်စိတ်ပူရတာခွေးကောင်လေးရ"

ကိုမိုး ခရီးတွေအများကြီးထွက်ချင်ပါသည်ဟုပြောလာသောကောင်လေးကြောင့်ခေါင်းငြိမ့်လက်ခံခဲ့ရသည်။မတားတာထက်မတားရက်ခဲ့။သည်ကောင်လေးမျက်နှာမှာလည်းခရီးထွက်ဖို့ကိုစိတ်အားထက်သန်နေခဲ့ပြီး။

"ဘယ်တော့ပြန်လာမှာလဲ"

"တစ်နှစ်လောက်ပါဘဲ၊ကျွန်တော့်ကိုမေ့မသွားရဘူးနော်"

တစ်နှစ်အတွင်းသာကျွန်တော်ပြန်မလာနိုင်ခဲ့ရင်ရအောင်မေ့ပေးရမယ်နော်။

"ကျွန်တော်သွားတော့မယ်၊ကားနောက်ကျမှာဆိုးလို့"

ခြေထောက်တွေမခိုင်တော့ဘူး။ပစ်လဲသွားမှာစိုးရိမ်တာကြောင့်စကားစဖြတ်ကာကားပေါ်တက်ဖို့အရေးသားကြိုးစားမိသည်။

"ကိုလင်း"

သူလက်ဖဝါးကိုဆုတ်ကိုင်လာတဲ့ကိုလင်း။ဟုတ်သားသူနှုတ်ဆက်ရမယ့်လူတွေရှိသေးတယ်ဟာ

"မင်းလက်ဖဝါးတွေပူနေသလားလို့"

"အာ ဘယ်ကသာ ကျွန်တော်နေကောင်းသွားတာကြာပြီးအကိုစိတ်ထင်နေလို့ပါ"

"အေးပါကွာ။မင်းကိုဘယ်သူမှမတားပါဘူး။အဲ့သလောက်ဖြစ်မနေနဲ့"

ကိုမိုးကသူကိုခပ်မဲ့မဲ့ဆိုသည်။စိုင်းရှင်းနောင်ဇာတ်လေးပုကာခပ်ပါးပါးပြုံးပြလိုက်သည်။

"ဒါကအကိုမုန့်ဖိုးပေးတာ"

လက်ထဲကထည့်ပေးလာတဲ့စာအိတ်လေးစိုင်းရှင်းနောင်ငြင်းဆန်လိုက်သည်။

မောင့်သွန်းငယ်/မောင့်သွန်းငယ်Where stories live. Discover now