Unicode
"နောင်တတဲ့ မောင်"
ရိုးရိုးရှင်းရှင်း စကားလုံးလေးနှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့စကားစုလေး။အနက်အဓိပ္ပါယ်တွေအများကြီးနဲ့ဖွဲ့စည်းထားတဲ့ဒီစကားစုလေးက ဘယ်လောက်တောင်လေးနက်လိုက်သလဲ။ရင်နာဖို့အကောင်းဆုံးကဒီစကားလုံးလေးနှစ်လုံးကို ပြင်ဆင်ခွင့်မရတော့တာ၊ဘယ်တော့မှ ပြန်ပြင်ဆင်လို့မရတဲ့အမှားအတွက် ကျန်ရစ်ခဲ့တဲ့နောင်တဟာ သိပ်ခံစားရပါတယ် မောင်
"လွမ်းတယ် မောင်"
ငါဘဝထဲက မောင်ထွက်သွားခဲ့တာ နှစ်နှစ်တောင်ပြည့်ပြီး မောင်။လွမ်းတယ်လို့တောင် ငါ့ပါးစပ်က မသုံးရက်ပါဘူးမောင်ရယ်။ငါ့လုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက် မောင့်အပေါ်မှားခဲ့မိတဲ့လုပ်ရပ်တွေအတွက် နေ့ရက်တိုင်းမှာ ငါဟာ ငရဲတွေနဲ့အတူ မောင့်ကိုလွမ်းပါရစေ။ရဲတင်းစွာ ငါဟာမောင့်အပေါ် ပေါ်တင်မလွမ်းနိုင်တဲ့အခါ တိတ်တိတ်လေးတော့ လွမ်းခွင့်တော့ပေးပါ မောင်။ငါဟာ ပိုပိုပြီးအတ္တကြီးမိပြန်ပြီး မောင်ရယ်။မောင့်သာရှိရင်
"မောင့်သွန်းငယ်လေးက အတ္တကြီးလိုက်တာလို့ ပြောမလား။ဒါမှမဟုတ် အတ္တမကြီးရဘူးလို့ ဆူနေမလား။"
မောင့်ရဲ့ယောကျာ်းပီသတဲ့အသံသြသြလေးကိုလည်း လွမ်းတယ်မောင်။ယောကျာ်းဆန်ဆန်နဲ့ချိုသာတဲ့အပြုံးလေးကိုလည်းလွမ်းတယ်။ကြည့်လင်ပြီးအပြစ်ကင်းစင်တဲ့မျက်ဝန်းလေးတွေလည်း လွမ်းတယ် မောင်ရယ်။အနွေးထွေးဆုံးဖြစ်တဲ့ မောင့်ရင်ခွင်ကျယ်ကြီးကိုလည်း သိပ်လွမ်းတယ် မောင်ရယ်။
အချိန်တွေဘယ်လောက်ကြာကြာ မေ့မရခဲ့ပါဘူး။"သွန်းခ ဆေးခန်းမသွားဘူးလား"
"သင်္ကြန်ပိတ်ရက်ဆိုတော့ နားမလို မနှင်း"
မနှင်းသည် မျက်ရည်တွေခိုးသုတ်နေတဲ့ သွန်းခကြောင့် ကိုယ်တိုင်လည်းစိတ်မကောင်းပါ။မိန်းမသားမို့ စိတ်နုတယ်ပြောရင်လည်း လက်ခံရမည်။သွန်းခကို သူမတကယ်သနားသည်။လွန်ခဲ့တဲ့နှစ်က သွန်းခနဲ့ယခု သွန်းခသည် တစ်နေရာမှမတူသလို အခြေအနေတွေကလည်း ကွာခြားလှသည်။
YOU ARE READING
မောင့်သွန်းငယ်/ေမာင့္သြန္းငယ္
Romance"ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင်အထည်ဖော်ရင်ပါရမီဖြည့်ပေးမယ့်လူတစ်ယောက်ဖြစ်ချင်တာမို့ကျွန်တော်နောက်ကိုလိုက်ခဲ့ပါ။သွန်းငယ်" "ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်ေ...