Zawgyi
"ကလေးတွေ မောင်သွားလိုက်ပို့ပေးရမလား"
သူ့အခြေအနေကိုကြည့်ကာပြောလာတဲ့မောင့်ကြောင့်သွန်းခကြယ်ပြုံးမိသည်။ဒီနေ့မှကျောင်းတက်ရသည့်အပြင်ကလေးတွေပါစာသင်လိုက်ရတာမို့အတော်လေးပင်ပန်းသွားသည်။ပင်ပန်းနေရင်ပြင်လို့မရတဲ့မျက်နှာကကလေးတွေကိုတော့ပျော်ပျော်ရွှင်ရွှင်နဲ့စာသင်ပေးနိုင်လိုက်သည်။
"ဆရာပေးလိုက်တဲ့ အိမ်စာတွေသေချာလုပ်ခဲ့နော်"
"ဟုတ်ကဲ့ပါ"
တစ်ညီထဲထွက်လာတဲ့အသံလေ6းသံကြောင့်သွန်းခကြယ်ပင်ပန်းနေတဲ့ကြားကပြုံးမိပြန်သည်။အကုန်လုံးကလူတော်လေးတွေမို့သိပ်ပြီးမသင်ရ၊တစ်နေ့အိမ်စာတစ်နေ့ ကျေညှက်အောင်လုပ်ပေးဖြစ်သည်။
ဒီကလေးစာတော်ပါလားဆိုပြီးစာတွေအများကြီးမနိုင်မနင်းတွေမသင်ချင်ပါ။ထိုသို့လုပ်ခြင်းက ဥာဏ်ကောင်းနေတဲ့ကလေးကိုပိုပြီးဥာဏ်ရည်ထိုင်းမိုင်းစေသည်။သူကိုယ်တိုင်လည်းထိုဒုက္ခကြီးကိုခံစားခဲ့ဖူးတာမို့အတက်နိုင်ဆုံးကလေးတွေကိုသူလိုမဖြစ်အောင်ထိန်းသင်ပေးဖြစ်သည်။
"သွန်းငယ်ထိုင်နေနော်။မောင်ပြန်လာမှထမင်းစားကြမယ်။ဆေးပါဝယ်ခဲ့ပေးမယ်"
ကလေးငါးယောက်ဖြင့်ကျောခိုင်းသွားတဲ့မောင့်ကိုကြည့်ကာကြည်နူးရပြန်သည်။ဖိုးသားကအိမ်ချင်းကပ်မို့တစ်ခြားကလေးတွေသာလိုက်ပို့ပေးသည်။
သူဘာဖြစ်နေလဲဆိုတာပြောစရာမလိုချက်ခြင်းသိတဲ့မောင့်ကဘာမလုပ်ဖို့မှာခဲ့သလိုအပြန်ကြဆေးပါဝယ်ခဲ့မယ်တဲ့လေ။ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ။ဘဝမှာတွေ့သမျှလူတွေထဲမှာကံအကောင်းဆုံးလူကိုပြပါဆိုကိုကိုယ့်ကိုလက်ညိုးထိုးပြမိလိမ့်မယ်ထင်သည်။ဘာလို့ဆို
"ချစ်ရတဲ့လူသားရဲ့အချစ်ကိုပိုင်ဆိုင်းထားရတာ"မို့
အမြဲခပ်တည်တည်နေတက်ပြီးအေးအေးဆေးဆေးနေတက်တဲ့မောင်ကသူနဲ့ပက်သက်ရင်တော့အမြဲတက်ကြွနေတက်သည်။ရည်စားဘဝကတစ်ခါပြောပြဖူးသည်။
"ကျွန်တော်အပြုံးလှလှလေးတွေကသွန်းငယ်ကြောင့်ဖြစ်တည်လာတာတဲ့"
YOU ARE READING
မောင့်သွန်းငယ်/မောင့်သွန်းငယ်
Romance"ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင်အထည်ဖော်ရင်ပါရမီဖြည့်ပေးမယ့်လူတစ်ယောက်ဖြစ်ချင်တာမို့ကျွန်တော်နောက်ကိုလိုက်ခဲ့ပါ။သွန်းငယ်" "ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်ေ...