ep49

26.4K 1.2K 261
                                    

Unicode

မောင်ကဆယ်တန်းကိုAll Dထွက်ခဲ့တာတဲ့လေ။သူ့သိပ်ကိုတုံးအခဲ့သည်။ဘာလို့လည်း

သူကမောင့်ရဲ့ပေးဆပ်မှုတွေနဲ့တန်မှမတန်ခဲ့တာ။

"ရှင်းက ဆယ်တန်းအောင်သွားရင်ဘာလုပ်မှာလဲ"

"ဆရာဝန်၊ဒါပေမယ့်ကျွန်တော် ဆေးရုံကြီးတွေမှာမလုပ်ချင်ဘူး။"

"ဟင် ဘာလို့"

ရှင်းရဲ့လက်ကိုဆော့ကစားရင်းမေးမိသည်။ရည်းစားတွေချိန်တွေ့သည့်ဆိုသော်ငြား၊သူများတွေလိုတီတီတာတာတွေမမေးတဲ့ရှင်းကြောင့်သွန်းခကြယ်စကားမရှိစကားရှာကာမေးနေရခြင်း။

"ကျွန်တော့်အဘဆုံးသွားတာဆေးမကုနိုင်လို့လေ။ပိုက်ဆံတွေအများကြီးရှာပြီးရင်မရှိဆင်းရဲသားတွေရဲ့ရင်ထဲကဆရာဝန်ဖြစ်ချင်မိတယ်။"

"ရည်မှန်းချက်လေးကိုမဆိုးဘူးဘဲ"

"နောက်တစ်ခုရှိ​သေးတယ်။ပြောပြရမလား"

ခေါင်းလေးတစ်ဆက်ဆက်ငြိမ့်ကာမဆိုးဘူးဟုပြောတော့နောက်တစ်ခုရှိသေးကြောင်းပြောသောကောင်လေးကြောင့်သွန်းခကြယ်ခေါင်းငြိမ့်ပြလိုက်သည်။ဒီကောင်လေးနဲ့ပက်သက်ရင်အစစအရာရာအကုန်လုံးစပ်စုချင်တဲ့စိတ်ကထိန်းလို့မရပေ။သိပ်ချစ်မိတာကြောင့်

"သွန်းငယ်ကို ပျော်အောင်ထားနိုင်ဖို့လေ"

ဟုတ်တာပေါ့၊မောင်ကသူပျော်ဖို့အတွက်ဆိုပြီးအရာအားလုံးကိုစွန့်လွှတ်အနစ်နာခံခဲ့တာလေ။သူသိပ်တုံးခဲ့သလိုမောင်ကလည်းသိပ်ဟန်ဆောင်ကောင်းခဲ့သည်။ရောဂါတွေရှိတာတောင်သူသတိမထားမိခဲ့ဘူး။

"ငါ မောင့်ရည်ရွယ်ချက်လေးကိုဖြည့်ဆည်းပေးနေပြီးမို့အမြန်ဆုံးပြန်လာပါတော့မောင်"

"ဆရာ ကျွန်မသားလေးကိုကြည့်ပါအုံး"

မျက်ရည်များရစ်ဝဲကာအသနားခံမျက်လုံးတွေနဲ့မော့ကြည့်လာတဲ့အမျိုးသမီး။သူမရင်ခွင်ထဲမှာလည်းခပ်ညစ်ညစ်အဝတ်အစားနဲ့ကလေးလေးကိုထိန်းကိုင်ထားသေးသည်။သူတို့ပုံကိုကြည့်ကာခုနအတွေးတွေကတိမ်ဆိုင်လေးတစ်ခုလိုဖယ်ပျောက်သွားသည်။

မောင့်သွန်းငယ်/မောင့်သွန်းငယ်Where stories live. Discover now