Unicode
"တကယ်တော့ ရှိန်းလေးကသဘောထားပြည့်ဝပြီးသနားစရာကောင်းတဲ့ကလေးလေးပါ"
အသံလာရာကိုမော့ကြည့်တော့သူ့ဘေးနားမှာဆရာဝန်တစ်ယောက်ရှိနေတာဘဲ။
"ကျွန်တော်နာမည်ကဇံမိုးသံသာပါ။ရှိန်းလေးရဲ့ခွဲစိတ်မှုကိုတာဝန်ယူထားတဲ့Doctorပါ။ညီလေးကဒေါ်မေမီမျိုးပြောပြောနေတဲ့သူသားကြီးဆိုတာခုနထဲကပြောပြထားလို့သိထားပြီးသားပါ။"
Doctorဇံမိုးသံသာတွင်ပြောရခက်သည့်စကားတွေရှိနေပုံပင်။
"ဆက်ပြောပေးပါ"
"ရှိန်းလေးကမွေးရာပါနှလုံးရောဂါအပြင်သွေးမတိတ်တဲ့ရောဂါပါရှိတဲ့ကလေးလေးပါ။ငယ်ငယ်လေးဆိုပေမယ့်လည်းအရမ်းစိတ်ကောင်းရှိတဲ့ကလေးလေးပါ။သူများကလေးတွေသူအရွယ်မှာဆော့ကစားချိန်သူကရောဂါအခံတွေရှိတာမို့ငြိမ်ငြိမ်လေးဘဲထိုင်ဆော့ရတဲ့ကလေးလေး။နှလုံးအလှူရှင်ရှိပေမယ့်လည်းသွေးမတိတ်တဲ့ရောဂါကြောင့်ခွဲစိတ်ခွင့်မရသူလေးပေါ့။"
စကားစကိုရပ်လိုက်တဲ့ဆရာဝန်။ညီဖြစ်သူအကြောင်းကိုသိတော့ခုနအော်မိတာကိုနောင်တရမဆုံးဖြစ်မိသည်။အပြစ်ကင်းတဲ့ကလေးလေးကိုသူဘယ်လိုစိတ်မျိုးနဲ့အော်ရက်ခဲ့ရတာလည်း။
"ABသွေးကရှားတယ်လေ။မျိုးရိုးထဲကသွေးဆိုရင်ခွဲစိတ်ရင်ပိုပြီးအလုပ်ဖြစ်တယ်။ခွဲစိတ်မှုအကြီးစားအတွက်မျိုးရိုးထဲကသွေး8ပုလင်းလောက်လိုအပ်တာမို့ခွဲစိတ်မှုမလုပ်ဘဲဆေးနဲ့ဘဲအသက်ဆက်နေရတာ။အန်တီအသက်ကလည်းနောက်ကလေးယူဖို့မဖြစ်နိုင်တာဆိုတော့မျှော်လင့်ချက်အနေနဲ့ငါ့ညီတစ်ယောက်ဘဲရှိတယ်"
ဘာကိုဆိုလိုချင်တာလည်းသူမသိသေး။နားမလည်နိုင်သေးတာမို့ပြတ်ပြတ်သားသားပင်မေးချလိုက်သည်။
"ပြောပါ ဆိုလိုချင်တဲ့အရာကိုသာတည့်ပြောနိုင်ပါတယ်"
"ရှိန်းလေးခွဲစိတ်မှုအတွက်ညီလေးကိုသွေးလှူဖို့အတွက်တောင်းဆိုချင်ပါတယ်ဒါပေမယ့်ညီလေးကအစ်ကိုတို့ထင်ခဲ့သလိုကျန်းမာရေးကောင်းတဲ့လူမဟုတ်ပြန်တော့နည်းနည်းအကျပ်ရိုက်နေတယ်"
YOU ARE READING
မောင့်သွန်းငယ်/ေမာင့္သြန္းငယ္
Romance"ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင်အထည်ဖော်ရင်ပါရမီဖြည့်ပေးမယ့်လူတစ်ယောက်ဖြစ်ချင်တာမို့ကျွန်တော်နောက်ကိုလိုက်ခဲ့ပါ။သွန်းငယ်" "ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်ေ...