Zawgyi
"နောင်ကြီး!!"
ကိုဖြိုးရဲ့အလောတကြီးအသံကြောင့်စိုင်းရှင်းနောင်ထမ်းနေရင်းကနေလှည့်ကြည့်လိုက်သည်၊တစ်ခုခုကိုစိုးရိမ်နေတာကြောင့်ဆက်မသွားဘဲထိုနေရာတွင်ပင်ရပ်နေလိုက်သည်၊
"စိတ်အေးအေးထားနော်၊နောင်ကြီး"
"ဘာ ဘာဖြစ်လို့လဲ၊ကိုဖြိုး"
"အသေးလေး ကားမတော်တဆဖြစ်လို့တဲ့"
"ဘုတ်!"
ထမ်းထားတဲ့ကုန်ပစ္စည်းမှာမြေပြင်ပေါ်သို့ပြုတ်ကျလာသွားသည်၊တစ်ဖြည်းဖြည်းတုန်ယင်လာတဲ့နောင်ကြီးခန္ဓာယ်ကိုယ်ကြောင့်ကိုဖြိုးအမြန်ထိန်းလိုက်ရသည်။ချက်ခြင်းထိန်းနေတဲ့ကြားကနေအတင်းရုန်းထွက်ကာပြေးထွက်သွားတဲ့နောင်ကြီးကြောင့်အနောက်ကနေလိုက်ရသည်။
"အာ!!ဒီကောင်လေး ဖိနပ်တောင်မစီးသွားဘူး၊"
ဘယ်လိုအရှိန်နဲ့သွားလဲတော့မသိ၊ကိုဖြိုးသူ့ဖိနပ်ကိုကောက်ပြီးသူကိုကြည့်တော့မရှိတော့၊ကိုဖြိုး ကိုမိုးတို့အဖွဲ့ကိုအကျိုးအကြောင်းရှင်းပြကာနောင်ကြီးနောက်ကိုလိုက်ရသည်။
စိုင်းရှင်းနောင်တစ်လမ်းလုံး သွန်းငယ်ဘာကြီးကြီးမားမားမှမဖြစ်စေရန်ဆုတောင်းလာသည်။စိတ်ထဲတွင် သွန်းငယ်ကလွဲပီးကျန်တာမသိ၊ကိုသက်တို့အလုပ်ကိုသွားတော့သွန်းငယ်တစ်ယောက်ဆေးရုံမှာဆိုတော့စိုင်းရှင်းနောင်အဲ့နေရာတွင်မူးမေ့လဲချင်သွားရသည်၊စိတ်ကိုတင်းကာဆေးရုံကိုပြေးထွက်လာရသည်။
ဘယ္ေလာက်များထိခိုက်ကုန်လို့ဆေးရုံထိပါရောက်သွားရတာလဲ။တွေးရင်းမျက်ရည်များကအထိန်းအကွပ်မဲ့စွာကျလာသည်။ကြောက်တယ်၊သွန်းငယ်သူအနားကထွက်သွားမှာကို
"ဘယ်လူနာနဲ့တွေ့ချင်လို့လည်းရှင့်"
"သွန်းငယ် သွန်းငယ်"
"လူမှားနေပြီးရှင့်၊သွန်းငယ်ဆိုတဲ့နာမည်နဲ့လူနာမရှိဘူးရှင့်"
nurseရဲ့စကားကိုကြောင့်စိုင်းရှင်းနောင်စိတ်ငြိမ်အောင်ထားလိုက်ရသည်။
"ဟဲ့ သူပြောတာ ကားတိုက်မှုနဲ့ဆုံးသွားတဲ့လူနာလားမသိဘူးနော်"
YOU ARE READING
မောင့်သွန်းငယ်/မောင့်သွန်းငယ်
Romance"ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင်အထည်ဖော်ရင်ပါရမီဖြည့်ပေးမယ့်လူတစ်ယောက်ဖြစ်ချင်တာမို့ကျွန်တော်နောက်ကိုလိုက်ခဲ့ပါ။သွန်းငယ်" "ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်ေ...