ep50(Final)

55.4K 1.9K 806
                                    

Zawgyi

1/1
"ဒီစာကိုသွန်းငယ်လက်ထဲရောက်ပါ့မလား။မောင်မသိဘူး။ဒါပေမယ့်လည်းသွန်းငယ်ဖတ်မှာပါဆိုတဲ့စိတ်နဲ့ဘဲရေးလိုက်ပါတယ်။မောင်အခုခရီးရှည်ရှည်တစ်ခုကိုသွားနေတာ၊အရမ်းပျော်ဖို့ကောင်းတယ်။အေးလည်းအေးချမ်းတယ်။"

အိမ်သေးသေးလေးကိုရောက်ပြီးနှစ်ပတ်အကြာမှာနည်းနည်းစိတ်ပြေကာစာတစ်စောင်ပစ်ပေးလာတဲ့မနှင်း၊သွန်းခကြယ်စာထဲတွင်ပါသောအကြောင်းများကြောင့်မောင်အဆင်ပြေနေသည်ဟုထင်မိသည်။

ရှာလို့ရပါတယ်။မောင်ဘာမှာရှိလဲဆိုတာကိုဒါပေမယ့်သူမရှာခဲ့ဘူး။မောင်ကပြောခဲ့သည်တဲ့လေ။တစ်နှစ်ပြည့်ရင်ပြန်လာခဲ့မယ်တဲ့။ထိုစာလေးကိုထိုညကအခေါက်ခေါက်အခါခါဖတ်ရင်းအိပ်ပျော်သွားသည်။

1/2
"အခုရောက်နေတဲ့ဒေသကနေကြာပန်းတွေပေါတယ်။မြင်ကွင်းတွေကသိပ်ကိုလှတယ်။မောင့်မျက်လုံးထဲမှာတော့သွန်းငယ်သည်သာအလှဆုံးဘဲ။ချစ်တယ်သွန်းငယ်။မောင် စာအရှည်ကြီးတွေမရေးတက်လို့စိတ်မကောင်းမဖြစ်နဲ့အုံးနော်"

မောင်ကဘယ်နေရာရောက်ရောက်သူကိုစိတ်လုံခြုံမှုအပေးတက်ဆုံးလူသားဆိုတာသက်သေပြသွားခဲ့သည်။ဒီစာလေးကတိုတိုလေးဆိုသော်ငြားလည်းဖေဖော်ဝါရီလတစ်လလုံးထိုစာတိုလေးဖတ်ကာအဖော်ပြုခဲ့သည်။

1/3
"ရာသီဥတုကနွေဥတုဆိုတော့ပူတယ်။အပြင်တွေလည်းဦးထုပ်မပါထီးမပါနဲ့လျှောက်မထွက်ရဘူးနော်။မောင်အဆင်ပြေတာမလို့ သွန်းငယ်စိတ်မပူနဲ့နော်၊ချစ်တယ်"

မတ်လမှာရခဲ့တဲ့စာကြောင့်​ဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်ရည်းစားစာရသလိုမျိုးဖြစ်ခဲ့တဲ့သူကသိပ်ကလေးဆန်နေသလားဘဲ။မတက်နိုင်ပါ၊ချစ်တယ်ဆိုတဲ့စာတန်းတိုလေးကထိုစာရွက်ကိုညတိုင်းခေါင်းအုံးအောက်ထည့်အိပ်ဖို့တန်နေပြီးလေ

1/4
"ခုရောက်နေတဲ့ဘက်မှာအစားအသောက်အရမ်းပေါတာဘဲသွန်းငယ်။အကုန်လုံးကဘေးမဖြစ်ဘူး။ရိုးရာမုန့်တွေလေ၊မောင့်သွန်းငယ်လည်းအစားအသောက်ဆင်ခြင်၊မတည့်တာတွေသိပ်မစားနဲ့၊မောင်အဆင်ပြေတာမလို့ သွန်းငယ်စိတ်မပူနဲ့နော်၊ချစ်တယ်"

မောင့်သွန်းငယ်/မောင့်သွန်းငယ်Where stories live. Discover now