Zawgyi
"သွန်းငယ် မိုးရေမထိစေနဲ့နော်"
"ငါကမိုးရေချိုးမို့လေ"
အညာဒေသဖြစ်သည့်အလျောက်မိုးရွာတာရှားလှသည်။ရွာပြီးရင်မရပ်တော့သောကြောင့်ခုဆိုမိုးရွာတာနှစ်ရက်မြှောက်နေ့ရှိပြီး။အမှန်ဆိုသွန်းငယ်အားစိုင်းရှင်းနောင်မိုးရေအထိမခံစေချင်ပါ။
သူနဲ့နေလာတဲ့တစ်လျှောက်မှာမိုးရေကြောင့်နေမကောင်းမဖြစ်ဖူးပေမယ့်ရည်စားဘဝတုန်းကမိုးရေထိလို့သွန်းငယ်ဖျားခဲ့သည်ကိုတော့သူသိသည်။
"သွန်းငယ် မောင်ပြောနေတယ်လေ။မိုးရေတွေလျှောက်မထိနဲ့လို"
နှစ်ယောက်ဆံ့သည်ထီးကြီးကြီးသည်သွန်းငယ်ဘက်ကိုပိုအလေးသာနေသည်။စိုင်းရှင်းနောင်ကိုယ်တစ်ခြမ်းကမိုးရေတွေဆိုနေသည်။လက်တစ်ဖက်ကထီးကိုကိုင်ပြီးနောက်လက်တစ်ဖက်ကသွန်းငယ်မိုးရေထဲပြေးထွက်သွားမှာစိုးရိမ်သောကြောင့်သွန်းငယ်လက်ဖဝါးနုနုလေးကိုဆုတ်ကိုင်ထားသည်။ထီးတွေကောလွယ်အိတ်တွေကောထမင်းချိုင့်တွေကောဖြင့်သူ့ပုံစံကအရူးတစ်ယောက်ပုံစံပေါက်နေတာသချောသလောက်ရှိပြီကိုသိသော်လည်းသွန်းငယ်လက်ကိုမြဲနေအောင်ကိုင်ထားသည်။
"မောင်ကလည်း ငါကလေးလေးမဟုတ်ပါဘူး။
ကိုယ်အကြောင်းကိုသိပါတယ်""သိရင်မောင့်စကားနားထောင်လေ။ဒီနေ့မုန့်ဝယ်မစားနဲ့တော့။"
"ပြီးရော၊နောက်နေ့အတိုးနဲ့အရင်းပေါင်းပြီးပြန်ဝယ်ကျွေး"
"ဟုတ်ပါပြီး။မောင့်ရှာသမျှကသွန်းငယ်အတွက်ဘဲ"
"ဒါနဲ့မောင် အလုပ်ပြန်သွားရမှာလား"
"ပြန်သွားရမှာ။ရေမချိုးတော့ဘူးထမင်းစားပြီးပြန်သွားရမှာ"
ရေချိုးသွားလည်း ညပြန်လာရင်လည်းပြန်ချိုးရတာမို့ခုမချိုးတော့ပေ။ထမင်းစားပြီးတစ်အောင့်နားကာပြန်သွားရသည်။စကားတွေပြောရင်လမ်းလျောက်လာရာအိမ်ကိုရောက်သွားသည်။သွန်းငယ်ကိုတစ်အောင့်နားခိုင်းပြီးရေချိုးခိုင်းလိုက်သည်။
တစ်အောင့်နေစာသင်တဲ့ကလေးတွေလည်းရောက်လာမှာမို့သွန်းငယ်ကိုခပ်မြန်မြန်လုပ်ခိုင်းလိုက်သည်။မဟုတ်ရင်မိုးရေထွက်ချိုးချင်တဲ့အရိပ်အယောင်တွေမြင်နေရသည်မို့။ထမင်းပြင်ပြီးတာတောင်ရောက်မလာသေးတဲ့သွန်းငယ်ကြောင့်စိုင်းရှင်းနောင်စိတ်တိုလာသည်။
YOU ARE READING
မောင့်သွန်းငယ်/မောင့်သွန်းငယ်
Romance"ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင်အထည်ဖော်ရင်ပါရမီဖြည့်ပေးမယ့်လူတစ်ယောက်ဖြစ်ချင်တာမို့ကျွန်တော်နောက်ကိုလိုက်ခဲ့ပါ။သွန်းငယ်" "ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်ေ...