Zawgyi
"သွန်းငယ် မောင်ပြန်လာပြီး"
စိုင်းရှင်းနောင်အသံပေးကာအိမ်ပေါ်သို့တက်လိုက်သည်။ထင်ထားသလိုသွန်းငယ်ကိုမတွေ့တာကြောင့်ဘယ်နေရာမှာရှိလောက်လဲဆိုပြီးနေရာစုံလိုက်ရှာမိသည်။အိပ်ခန်း၊ရေချိုးခန်း၊အိမ်သာဘယ်နေရာမှမတွေ့တာကြောင့်စိုင်းရှင်းနောင်စိုးရိမ်သွားရသည်။အပြင်သွားတယ်ဆိုရင်သွန်းငယ်ကအိမ်တံခါးကိုပိတ်သွားတက်သည်မဟုတ်လား။
"သွန်းငယ်!!"
"ငါ ဒီမှာ"
အသံကမနီးမဝေးကမို့စိုင်းရှင်းနောင်သက်ပြင်းအသာချလိုက်ရသည်။သွန်းငယ်ဟာလေတစ်ကယ်သူ့ကိုစိတ်ပူအောင်အလုပ်တက်ဆုံးလူသားဘဲ။မျက်စိကစားကာဘယ်ညာကြည့်မိတော့တွေ့ပါပြီး၊ဖိုးသားနဲ့အတူသစ်ပင်အောက်မှာထိုင်နေတဲ့သွန်းငယ်ကိုတွေ့လိုက်ရသည်။
"နေပါအုံး"
ဟုတ်ပါတယ်၊သေချာကြည့်မိတော့မှသွန်းငယ်လက်ထဲတွင်တစ်ခုခုကိုင်ထားတာတွေ့လိုက်ရသည်။စိုင်းရှင်းနောင်လွယ်အိတ်အားချိတ်ကာသွန်းငယ်ရှိတဲ့နေရာအားအသံမပေးဘဲတိတ်တိတ်လေးသွားလိုက်သည်။
"ဘာလုပ်နေတာလဲ၊သွန်းငယ်"
"အမေလး!မောင်ကငါ့အပိုင်!"
သူ့အသံကြောင့်ထင်သည်။သွန်းငယ်ကိုယ်လေးတုန်တက်သွားပြီးကိုင်ထားတဲ့ရွံတုံးလေးမှာအင်္ကျီအဖြူလေးပေါ်သို့ပြုတ်ကျသွားသည်။ယောင်ပြီးထွက်သွားတဲ့စကားစုကြောင့်စိုင်းရှင်းနောင်အသည်းယားသွားရသည်။အသည်းယားသော်လည်းဆူစရာကရှိသေးသည်မဟုတ်လား။
"မောင် စိတ်မဆိုးနဲ့နော်၊ငါပျင်းလို့"
"ပျင်းတာနဲ့ဘဲရွံ့တွေနဲ့ဆော့ရရောလား၊သွန်းငယ်"
"မောင်ကလည်း"
သွန်းခကြယ်နှုတ်ခမ်းဆူကာပေနေတဲ့လက်နှစ်ဖက်ကိုနောက်ပစ်ထားလိုက်သည်၊မောင့်ပုံစံကနည်းနည်းကြောက်ဖို့ကောင်းနေတာမို့ဒီထက်ပိုပြီးအထဋ်မတက်ရဲ
"သွား ၊ဖိုးသားလည်းခြေလက်ဆေးပြီးအိမ်ထဲဝင်တော့၊ကိုကြီးမင်းကိုကိုကိုပြောစရာရှိလို့"
YOU ARE READING
မောင့်သွန်းငယ်/မောင့်သွန်းငယ်
Romance"ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင်အထည်ဖော်ရင်ပါရမီဖြည့်ပေးမယ့်လူတစ်ယောက်ဖြစ်ချင်တာမို့ကျွန်တော်နောက်ကိုလိုက်ခဲ့ပါ။သွန်းငယ်" "ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်ေ...