ep48

23.1K 1.3K 567
                                    

Unicode

ဒီနေ့နဲ့ဆိုရင်စိုင်းရှင်းခရီးသွား1လစွန်းရုံလေးဘဲရှိသေးသည်။မနေ့ကမှသူ့ရေးပို့လိုက်တဲ့စာကိုလက်ခံရရှိခဲ့တာ။ထင်သည့်အတိုင်းပင်စိတ်ဖျက်ဖို့ဆိုပြီးသူ့သွန်းငယ်အတွက်တစ်စောင်သူတို့အတွက်တစ်စောင်ရောက်လာသည်။

စာပါအကြောင်းအရာများကတော့သူရောက်နေတဲ့နေရာကသိပ်သာယာပြီးစိတ်ကြည်နူးဖို့ကောင်းကြောင်း။ဘယ်လောက်လှလည်းဆိုတာထည့်ရေးပြီးသူတို့ကိုလွှမ်းကြောင်းထည့်ရေးထားတဲ့စာပင်။သွန်းခအတွက်စာကတော့ထုတ်မကြည့်ဖြစ်ပေမယ့်လည်းသိမ်းပေးထားလိုက်သည်။

အပျော်တွေကသူတို့ဆီပါကူးစက်သွားသလိုခံစားရတာကြောင့်ဒီကောင်လေးတကယ်ပျော်ရွှင်နေပြီးလို့ထင်မိသည်။

"သွားမယ် နှင်း ဘာတွေအတွေးလွန်နေတာလဲ"

"မန္တလေးရောက်နေတာဆိုတော့စိုင်းရှင်းလေးကိုသတိရလို့ပါ။ခုလောက်ဆိုပျော်နေလောက်ပြီးထင်ပါတယ်"

"အေးကွ။ဒီကောင်လေးပျော်နေဖို့ဘဲ အရေးကြီးတယ်"

နှင်းတို့မိသားစုမန္တလေးမှာဘုရားလာဖူးခြင်းပင်။လူသိပ်မများသော်လည်းအရမ်းကြီးရှင်းလင်းနေတာတော့မဟုတ်ပြန်။

"မိန်းမ ဟိုဟာ သွန်းခမဟုတ်လား"

ကိုနိုင် မိန်းမဖြစ်သူကိုလက်ညိုထိုးကာပြလိုက်သည်။သူ့တို့တောင်သေချာမကြည့်ရသေးအလုံးကပြေးကာသွားဖက်လေသည်မို့လင်မယားနှစ်ယောက်လုံးဖိုးသားလက်ကိုဆွဲကာပြေးလိုက်ရသည်။

သွန်းခကြယ် စိတ်တွေထိုင်းမှိုင်းနေတာကြောင့်ဘုရားရောက်လာခြင်း။မှတ်မှတ်ရရဆိုသူဒီလို့စိတ်တွေအမြဲရှုပ်ပြီးထိုင်းမှိုင်းနေတာ။တစ်ခုခုကိုအပြီးပိုင်ဆုံးရှုံးသွားသလိုခံစားရတာတစ်လလောက်ရှိပြီးထင်

လူတွေနဲ့အဆက်အသွယ်မလုပ်ဘဲအခန်းငယ်ထဲမှာနေခဲ့တာ1ပတ်တင်းပြည့်ပြည့်ခဲ့ပြီး။ခုလည်းစိတ်ပြေလက်ပျောက်ဖြစ်အောင်ဘုရားလာခဲ့ခြင်း။

"အလုံး"

မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့သူရဲ့အတိတ်။အလုံးကိုမြင်တဲ့အခါအကုန်လုံးကိုသူ့သတိရမိသည်။ဟုတ်ပါရဲ့သူ့ဒီရက်ပိုင်းဘာတွေလုပ်နေပါလိမ့်။သူ သူ

မောင့်သွန်းငယ်/မောင့်သွန်းငယ်Hikayelerin yaşadığı yer. Şimdi keşfedin