New Year

27K 1.1K 340
                                    

Unicode

သွန်းငယ်မောင့်ဆီကထွက်သွားတာ71ရက်မြှောက်နေ့

"လွမ်းလိုက်တာ မောင့်သွန်းငယ်လေးရယ်"

အကြောင်းပြချက်ရယ်လို့သေချာမရှိဘဲထွက်သွားတာမို့မောင်မှာနေ့တိုင်းလိုလိုစိတ်ပူလိုက်ရတာအမော၊

အနည်းဆုံးတော့မောင့်ကိုဖုန်းလေးတော့ဆက်မယ်ထင်ခဲ့တာ၊ရပါတယ်သွန်းငယ်မဆက်လည်းမော​င်ဆက်ပါ့မယ်ဆိုတဲ့စိတ်လေးနဲ့နေခဲ့သော်လည်းမောင်ခေါ်တဲ့သွန်းငယ်ဖုန်းနံပါတ်လေးကတပ်ဆင်ထားခြင်းမရှိပါဘူးတဲ့လေ

မောင့်သွန်းငယ်လေးတစ်ခုခုဖြစ်မှာစိုးရိမ်လိုက်ရတာ၊ဘာများဖြစ်လို့မောင့်ကိုမဆက်သွယ်ရတာလည်းဆိုပြီးတွေးမိတော့ဆောင်းရာသီလိုအေးချမ်းတဲ့လမှာတောင်ပူလောင်လာရတယ်

'အိမ်မှာသွန်းငယ်အတွက်အမြဲထမင်းဟင်းတွေပိုချက်ထားသေးတယ်သိလား။'

အမြဲ မနှင်းတို့အိမ်မရောက်ရင်သွန်ပြစ်ရတာတစ်ခုဘဲသွန်းငယ်

'သွန်းငယ်ကြိုက်တတ်တဲ့အသီးလေးတွေလည်းမောင်ဝယ်ထားတယ်သိလား။'

အမြဲပုတ်သွားတာလေးတစ်ခုဘဲသွန်းငယ်

'သွန်းငယ်ကြိုက်တတ်တဲ့မုန့်တွေလည်းမောင်ဝယ်ပေးထားတယ်သိလား။'

မှိုတက်သွားလို့အမှိုက်ပုံးထဲရောက်သွားတာလေးတစ်ခုဘဲ

သွန်းငယ်ပြန်လာရင်အရာအာလုံးအဆင်သင့်လေးဖြစ်စေချင်လို့ထမင်းတွေဟင်းတွေပိုချက်ပေမယ့်မောင့်သွန်းငယ်လေးကပြန်မလာသေးဘူးနော်။

သွန်းငယ်ပြန်အလာကိုညတာရှည်ပြီး
အေးခဲတဲ့​​ဆောင်းညနဲ့အပြိုင်စောင့်နေပေမယ့်သွန်းငယ်ကိုမတွေ့ရဘဲကြယ်တွေနဲ့အပြိုင်လှနေတဲ့လမင်းကြီးကတော့မောင်နဲ့အဖော်အဖြစ်ရှိနေပေးတယ်

မဖြစ်ပါ၊ထိုင်စောင့်နေတာသတ်မှတ်ထားတဲ့အချိန်ကျော်ပြီးမို့ထလိုက်သည်။မူးဝေသွားတဲ့ခေါင်းကအားနည်းကြောင်းကိုဖော်ပြတာလား။အကြာကြီးထိုင်လိုက်လို့ပင်ပန်းသွားကြောင်းကိုဖော်ပြတာလားမသိ။

ခဏလောက်နားကာထမင်းဟင်းမြန်မြန်ချက်လိုက်သည်။သေချာပေါက်နှစ်အိုးပေါ့။စားသူမဲ့နေပေမယ့်ပြန်လာတဲ့အချိန်အဆင်သင့်လေးစားရအောင်လို့နေ့တိုင်းချက်ဖြစ်သည်။

မောင့်သွန်းငယ်/မောင့်သွန်းငယ်Where stories live. Discover now