Zawgyi
"နောင်ကြီးရေ နွားပွဲစားကြီးလည်းဖြစ်နေအုံးမယ်"
"ကိုနိုင်ကြီးကလည်း"
ကိုနိုင်ကြီးကလည်းဟုသာပါးစပ်ကရှက်ရမ်းရမ်းဖြင့်ခေါ်မိလိုက်တာစိုင်းရှင်းနောင်လက်ထဲကအရာလေးကိုကြည့်ပြီးပြုံးနေတဲ့အပြုံးတွေကတော့ရပ်တန့်မသွားခဲ့ပါ။ခုဆိုသွန်းငယ်ကိုကိုယ်ပိုင်အိမ်လေးနဲ့ထားနိုင်ခဲ့ပြီး။ဈေးနှိမ်ပြီးရောင်းပေးတဲ့ကိုနိုင်ကြီးတို့ကိုလည်းကျေးဇူးတင်မဆုံးဖြစ်နေမိသည်။
သွန်းငယ်ဆရာဝန်စဖြစ်ထဲကနေကြိုးစားခဲ့တာ8လအကြာမှာအိမ်ဝယ်နိုင်ခဲ့ပြီး။သွန်းငယ်နဲ့လည်းအရင်လိုတီတီတာတာစကားတွေမပြောဖြစ်ကြတာကြာပြီးမို့လား။သူတို့ဆက်ဆံရေးလေးတည်တံအောင်သူကိုယ်တိုင်ကဘဲနွေးထွေးအောင်လုပ်ရမည်။
"ဒီနားလေးမှာထားလိုက်ရမလား"
လက်ထဲကစာချုပ်လေးကိုသွန်းငယ်စားပွဲပေါ်ကိုတင်ရင်းပြောမိသည်။ဒီနေ့ကသူ့အလုပ်ပိတ်ရက်အရင်ကတစ်ရက်မှမနားခဲ့သော်လည်းဒီနေ့နားမိသည်။တိုက်ဆိုင်စွာဒီနေ့ကသွန်းငယ်ဂျူတီရှိတယ်ဟုပြောသွားသည်။နေ့ခင်းပြန်လာမယ်မောင်လို့တော့သူကိုပြောသွားသည်။
အချိန်ကမလိုတော့တာမို့ စိုင်းရှင်းနောင် ထမင်းပြင်ထားလိုက်သည်။သွန်းငယ်အကြိုက်တွေဘဲချက်ထားတာမို့သွန်းငယ်ခံတွင်းတွေ့မှာအာမခံရဲသည်။ဘယ်လိုဘဲဖြစ်ဖြစ်ဒီနေ့ကသူ့အပျော်တွေသွန်းငယ်ဆီကူးစက်မှာမို့သူ့တို့အိမ်လေးကပျော်စရာတွေထပ်ဖြစ်နေအုံးမှာဘဲ။
"ကိုကြီး ကိုကိုမလာသေးဘူးလားဟင်"
"လာတော့မှာ အလုံးက ကိုကိုကို့တွေ့ချင်လို့လား"
ခေါင်းလုံးလုံးလေးကချက်ခြင်းငြိမ့်ပြလာသည်။နာမည်နဲ့လိုက်အောင်လုံးလုံးသေးသေးလေးနဲ့ချစ်ဖို့ကောင်းသည်။ဖိုးသားနဲ့ကွဲလွဲစွာ စွာတေးလန်လေးဖြစ်ပြီးမနှင်းအသည်းကျော်လေးဖြစ်နေရသူ။စကားတက်တာကလည်းသူ့အပြင်နှစ်ယောက်မရှိတဲ့အပြင်သူ့အကိုကိုလည်းဘယ်သူမှအထိမခံ၊တစ်ခုခုဟေ့ဆိုတာနဲ့အလုံးလေးသူများကိုလက်ပါလိုက်ပြီးဆိုတာကအရင်ကြားနေကြစကား၊အဲ့ကျရင်မနှင်းကငြီးသည်။အေးလွန်းတဲ့သားနဲ့စွာလွန်းတဲ့သားနှစ်ယောက်ကိုမွေးထားတဲ့သူ့ဘဝအကြောင်းအော်ပြောတက်သည်။
YOU ARE READING
မောင့်သွန်းငယ်/မောင့်သွန်းငယ်
Romance"ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင်အထည်ဖော်ရင်ပါရမီဖြည့်ပေးမယ့်လူတစ်ယောက်ဖြစ်ချင်တာမို့ကျွန်တော်နောက်ကိုလိုက်ခဲ့ပါ။သွန်းငယ်" "ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်ေ...