Zawgyi
"ဒီနေ့ ကျောင်းမသွားနဲ့သွန်းငယ်"
"ဘာဖြစ်လို့လဲမောင် ဒီနေ့ကျောင်းဖွင့်ရက်လေ"
စိုင်းရှင်းနောင်ဒီနေ့ကမွေးနေ့မို့သွန်းငယ်ကိုအပြင်မသွားစေခြင်၊ဒါပေမယ့်ဆေးကျောင်းသားဖြစ်တဲ့သွန်းငယ်ကစာတွေများသည်။ပထမနှစ်လည်းမဟုတ်၊တတိယနှစ်ဆိုတော့လည်းကျောင်းပျက်ဖို့သိပ်အဆင်မပြေ။စိတ်ဒဏ်ရာတွေများနေလို့ထင်ပါရဲ့သွန်းငယ်ကိုကျောင်းလွှတ်ရမှာလုံးဝစိတ်မချ။
"အင်း ဘာမှမဟုတ်တော့ပါဘူး"
"နေမကောင်းလို့လား မောင်။ကိုယ်လည်းမပူပါဘူး။"
နှဖူးပေါ်ကလက်လေးကိုဆွဲလိုက်ကာ
"မောင် ဘာမှမဖြစ်ပါဘူး။သွား သွန်းငယ်ရေချိုးအဝတ်အစားလဲ။မောင်ထမင်းချိုင့်ပြင်ပေးထားမယ်"
"အင်းပါ။ဒါနဲ့မောင့်အရပ်တော်တော်ရှည်ရှည်လာတယ်နော်။အရိပ်အမြွက်လေးဖြစ်ဖြစ်ပြောပြပါလား။မောင့်အသက်က16လား17လားဆိုတာ"
သွန်းငယ် ဝမ်းနည်းစွာပြောမိသည်။
ကမ္ဘာပေါ်မှာကိုယ့်အမျိုးသားရဲ့မွေးနေ့ကိုမသိတာ
သူတစ်ယောက်ဘဲရှိလိမ့်မည်ထင်သည်။"17ပြည့်ပြီးပြီ သွန်းငယ်"
စိုင်းရှင်းနောင် သွန်းငယ်ကိုကြည့်ကာကိုယ်တိုင်လည်းစိတ်မကောင်း၊မောင့်စိတ်ကိုပြင်ဆင်ပြီးတဲ့တစ်နေ့ကျရင်သွန်းငယ်ကိုအကုန်ပြောပြပါ့မယ်။
"ဒါဆို16နှစ်သားလေးမဟုတ်တော့ဘူးပေါ့။17နှစ်သားကြီးပေါ့"
"သွန်းငယ် မောင့်ကိုစိတ်မဆိုးဘူးလားဟင်"
"ချစ်လို့တောင်မဝသေးတာကို မွ"
ပါးပြင်ကိုခြေဖျားထောက်ကာနမ်းလာသောသွန်းငယ်ကြောင့်စိုင်းရှင်းနောင်ပြုံးလိုက်သည်။ဘာလို့များသွန်းငယ်တစ်ယောက်တစ်နေ့တစ်ခြားပိုပိုပြီးချစ်ဖို့ကောင်းနေရတာလဲမသိ။သူဘဲသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားနိုင်လို့များလား
"မောင့်ကြည့်ရတာ စိတ်မလန်းသလိုဘဲ။အလုပ်နားလိုက်ပါလား"
"နားလို့မဖြစ်ဘူး။နားလို့မဖြစ်ဘူး"
YOU ARE READING
မောင့်သွန်းငယ်/မောင့်သွန်းငယ်
Romance"ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင်အထည်ဖော်ရင်ပါရမီဖြည့်ပေးမယ့်လူတစ်ယောက်ဖြစ်ချင်တာမို့ကျွန်တော်နောက်ကိုလိုက်ခဲ့ပါ။သွန်းငယ်" "ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်ေ...