Zawgyi
"မေမေ သားတို့ဘုရားဖူးသွားမှာလား"
အရောင်မိန်မိန်အင်္ကျီလေးကိုဝတ်ဆင်ထားတဲ့ကလေးငယ်သည်သနပ်ခါးပါးကွက်ကြားကိုလိမ်းဆင်ထားသည်။ဆံနွယ်ကောက်ကောက်လေးကအုန်းဆီလိမ်းကျဲထားပြီးနက်မှောင်တောက်ပြောင်နေသည်။လက်သေးသေးလေးကရှေ့မှာရှိတဲ့အမျိုးသမီးအား အားကိုးတစ်ကြီးဆုတ်ကိုင်ထားသည်။
"မေမေ ပြောတော့ဘုရားသွားမှာဆို၊ဘာလို့ဘုန်းကြီးကျောင်းဝန်းထဲကိုလာတာလဲဟင်"
ဆယ်နှစ်အရွယ်ကလေးငယ်သည်ဘုန်းကြီးကျောင်းနဲ့ဘုရားစေတီကိုတော့ခွဲတက်သည်မဟုတ်လား။
"ဒီမှာနေခဲ့တော့"
မိန်းမကြီးအသံမှာပျော့မနေတင်းမာလျက်၊ထိုစကားကိုကြားတော့ကလေးငယ်ကခေါင်းကိုတွင်တွင်ရမ်းလျက်၊သူဒီနေရာကနေအိမ်ကိုမပြန်တက်ဘူးလေ၊သူတို့ကားအကြာကြီးစီးခဲ့ရတာမို့လမ်းမှာအိပ်ခဲ့တာ
"နင်ကိုအလိုမရှိတော့ဘူး၊ဒီမှာနေခဲ့တော့"
ပြောပြီးထွက်သွားတဲ့မေမေကိုသူအမိအရဖက်တွယ်ထားမိသည်၊တစ်ခါမှမရောက်ဖူးတဲ့နေရာကိုသူတစ်ယောက်ထဲမနေချင်ပါ၊ရပ်ကွက်ထဲကလူကြီးတွေပြောသလိုသူလိမ်လိမ်မာမာနေခဲ့ပါတယ်၊မေမေအင်္ကျီလည်းလျော်ပေးသလိုဖေဖေအင်္ကျီလည်းလျော်ပေးပါတယ်၊သူများတွေကစားနေချိန်အန်တီတွေထမင်းဟင်းချက်တာကြည့်ပြီးလိုက်ချက်ပေးပါတယ်၊မေမေဈေးရောင်းကပြန်လာတိုင်းအမောပြေအောင်ရေခပ်တိုက်ခဲ့ဖူးပါတယ်၊မေမေတို့စကားကိုဘယ်တော့မှခွန်းတုတ်မပြန်ဖူးသလိုစာလည်းကြိုးစားခဲ့ပါတယ်။
"သားကိုမထားခဲ့ပါနဲ့ အီးဟီး"
ငိုယိုကာတောင်းပန်နေသော်လည်းမေမေကသူကိုလှည့်မကြည့်ခဲ့ပါ၊လူမရှိတဲ့ဘုန်ကြီးကျောင်းဝန်းထဲမှာသူ့ရဲ့ငိုသံသာရှိသည်။ထိုနေရာကဘုန်ကြီးကျောင်းဖြင့်နည်းနည်းတော့အလှမ်းဝေးသည်၊အနီးနားမှာ တဲပုတ်လေးတစ်လုံးတော့ရှိသည်။
ဆယ်နှစ်အရွယ်ကလေးတစ်ယောက်သည်မိခင်၏လိမ်ခြင်းကိုခံလိုက်ရသည်။ဒီကိုရောက်လာတဲ့အကြောင်းပြချက်က
YOU ARE READING
မောင့်သွန်းငယ်/မောင့်သွန်းငယ်
Romance"ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင်အထည်ဖော်ရင်ပါရမီဖြည့်ပေးမယ့်လူတစ်ယောက်ဖြစ်ချင်တာမို့ကျွန်တော်နောက်ကိုလိုက်ခဲ့ပါ။သွန်းငယ်" "ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်ေ...