Zawgyi
"ကျောင်း မှာဘာတွေစားထားသေးလည်းသွန်းငယ်"
"ဘာမှမစားထားပါဘူး၊မယုံရင်မိဖြူတို့သွားမေးကြည့်"
"မောင် သွန်းငယ်ကိုယုံပါတယ်"
လွယ်အိတ်နဲ့ဆွဲခြင်းအားကိုင်ကာဟိုဘက်ကိုမျက်နှာလှည့်သွားသည်။မောင်ကအရင်လိုမဟုတ်၊တစ်ဖြည်းဖြည်းရင့်ကျက်လို့လားမသိ၊အရင်ကထက်စကားပိုနည်းသွားသည်။သူစကားတွေအများကြီးပြောရင်တောင် သိပ်မပြောတော့၊လိုအပ်မှသာပြောသည်။သူ့အပေါ်ကိုတော့ဂရုစိုက်မပျက်ပါဘူး။
"သွန်းငယ် ဒူးရင်းသီးကြိုက်လား"
"အင်း၊ကြိုက်တယ်၊ဒါမယ့်ဒီဘက်မှာရှားတယ်လေ"
"မောင်ကို မဝယ်ကျွေးနိုင်ဘူးလို့ထင်နေတာလား"
"မောင်လား၊ငါသာ ကြိုက်တယ်လို့ပြောလိုက်ခုချက်ခြင်းမလုပ်နိုင်ရင်တောင်၊အချိန်တစ်ခုရောက်ရင်ရအောင်လုပ်ပေးတဲ့မောင့်အကျင့်ကိုငါသိတယ်။မဖြစ်ဖြစ်တဲ့နည်းနဲ့ဝယ်ကျွေးမှာဆိုတာငါသိတယ်"
"မောင့်သွန်းငယ်လေးတောင် မောင့်အကြောင်းတော်တော်သိနေပြီးဘဲ"
စိုင်းရှင်းနောင် သွန်းငယ်ဘက်ကိုလှည့်ကာခေါင်းလေးအားဖွဖွထပ်ပုတ်ပေးလိုက်သည်။ပြီးနောက်သွန်းလက်နုနုလေးအားစုပ်ကိုင်လိုက်သည်။သွန်းငယ်တစ်ယောက်တော့သဘောအကြီးကြီးကျနေသည်။
"အိမ်ကိုမြန်မြန်ပြန်ချင်နေပြီး၊ဗိုက်ဆာနေပြီး"
အစားအသောက်နဲ့ဆိုအမြဲသဘောကျတက်တဲ့သွန်းငယ်၊ခုလည်းခုန်ပေါက်နေပြန်ပြီး၊အမှန်ဆိုသူဒီနေ့ကုန်ထမ်းရုံသာဘယ်မှမသွားရ။ကိုဖြိုးတို့ပဲခူးဘက်သွားတာမို့သွန်းငယ်ကြိုက်တဲ့ဒူးရင်းသီးမှာလိုက်သည်။အမြဲသူကြိုက်တက်တဲ့အစားအသောက်တွေလူကြုံရှိရင်မှာတက်တဲ့သူကြောင့်သွန်းငယ်ကခုဆိုအထာနပ်နေပြီးဖြစ်သည်။
"မောင် ငါဒီနေ့ကျောင်းမှာ ကောင်မလေးချောချောလေးတွေ့ခဲ့တယ်သိလား"
"မောင် မသိဘူး။သွန်းငယ်"
"ငါ့ကို သဝန်မတိုနဲ့နော်၊ပြောပြမယ်"
YOU ARE READING
မောင့်သွန်းငယ်/မောင့်သွန်းငယ်
Romance"ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင်အထည်ဖော်ရင်ပါရမီဖြည့်ပေးမယ့်လူတစ်ယောက်ဖြစ်ချင်တာမို့ကျွန်တော်နောက်ကိုလိုက်ခဲ့ပါ။သွန်းငယ်" "ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်ေ...