ep46

19K 1.1K 197
                                    

Unicode

ကိုယ်ကိုယ်ကိုယ်ဦးစားပေးမယ်လို့ပြောပြီးသူများအတွက်တစ်ခါမှမစားဖူးတဲ့ကြက်သားကိုအားတင်းကာစားနေရတဲ့သူ့ဘဝကနည်းနည်းရယ်စရာကောင်းတယ်မလား။

ကလေးကိုအစ်ကိုတစ်ယောက်ရဲ့မေတ္တာပေးချင်သည်။သူအော်ခဲ့တာတောင်ကလေးကသူအပေါ်အချစ်မပျက်ခဲ့။အပြစ်ကင်းစင်တဲ့ညီဖြစ်သူကိုပျော်ရွှင်တဲ့ဘဝလေးနဲ့မြင်ချင်မိတာကတစ်ခါမှမဖြစ်ခဲ့ဖူးတဲ့အစ်ကိုတစ်ယောက်ရဲ့လောဘထင်ပါရဲ့

ကလေးလို့ခေါ်ခိုင်းတဲ့ညီလေးကိုအသက်ရှည်စေချင်သည်။ပျော်ရွှင်စေချင်သည်။ချစ်တဲ့လူနဲ့လည်းကြာကြာနေစေချင်သည်။အချစ်ရေးကံမကောင်းသူမို့ထင်ပါတယ်ကလေးလည်းသူ့လိုအချစ်ရေးကံမကောင်းမှာသိပ်စိုးရိမ်မိသည်။

သူကသိပ်ရယ်စရာကောင်းတဲ့လူဘဲနော်10နှစ်ကလေးလေးကိုတွေးလိုက်တာသူရဲ့အနာဂတ်မိသားစုအထိဘဲ။ဒါကလည်းသူတစ်ခါမှမဖြစ်ဖူးတဲ့သူ့အကျင့်တွေမဟုတ်လား။

"နောင်ကြီး မင်းမှာထားတဲ့ကြက်ဥပြုတ်
ဒါနဲ့ကြက်ဥပြုတ်တွေအရမ်းစားသလိုဘဲနော်။"

"အားရှိအောင်လို့လေ"

"မင်းတကယ်ကြီးပြောင်းလဲတော့မှာလား"

"ကျွန်တော်ပုံစံကနောက်နေတဲ့ပုံပေါက်နေလို့လား"

စိုင်းရှင်းနောင်  ခပ်ဟဟရယ်ကာပြောလိုက်သည်။နောက်ကျောမလုံပေမယ့်သူကိုချစ်ပေးတဲ့လူတွေကိုဝမ်းမနည်းစေချင်။

ကိုမိုးအပြင်ထွက်သွားမှသက်ပြင်းတစ်ခုကိုဖြည်းဖြည်းချလိုက်သည်။

တစ်နေ့တစ်နေ့ဆုတ်ယုတ်လာတဲ့အင်အားတွေပစ္စည်းတစ်ခုကိုတောင်မြဲအောင်မကိုင်နိုင်တော့တဲ့သူ့လက်တွေ၊လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့တဲ့ခြေထောက်တွေ။

ရင်ထဲကနာကျင်မှုတွေနဲ့ထပ်တူနာကျင်နေတဲ့ခန္ဓာကိုယ်ကြီး။ရင်ဘက်ကနည်းနည်းပိုတာပေါ့။

တုန်နေတဲ့လက်တွေကအခွံခွာပြီးသားကြက်ဥကိုမြဲနေအောင်ကိုင်ထားမိသည်။ဘာလို့လည်း၊
စိုင်းရှင်းနောင်ရဲ့ညီလေးအတွက်လေ။ကလေးအတွက်မနှစ်မြို့တဲ့အရာတွေဆိုလည်းကြိတ်မှိတ်ပြီးစားရမယ်မဟုတ်လား

မောင့်သွန်းငယ်/မောင့်သွန်းငယ်Where stories live. Discover now