18 (Unicode)

394 59 1
                                    

"~ဒီး.....ဒီး......~"

ချမ်းအေးတဲ့ မနက်အစောကြီးမှာ ဖုန်းခေါ်သံကို အဆက်မပြတ် ကြား​နေရတာကြောင့် စောင်ပုံတွေကြားထဲက Jeongwooတစ်ယောက် မျက်လုံးမမှိတ်တမှိတ်လုပ်ပြီး ကမန်းကတန်းနဲ့ ဖုန်းကို ရှာနေမိသည်။

အစိမ်းရောင်ခလုတ်လေးကို ပွတ်ဆွဲလိုက်တော့ မနက်ခင်း တစ်နေ့တာအတွက် Lionအားဖြည့်အချိုရည်လို Energyပေးနိုင်တဲ့ Harutoရဲ့ ဂရုတစိုက်ရှိသော gentleဆန်ဆန် အသံလေးက စောင့်ကြိုနေသည်...။

"နိုးပြီလား"

"အင်း"

"ဘာလုပ်နေလဲ"

"ခုထိ အိပ်ယာထဲမှာ ဝှါးးးး"

"မျက်နှာသစ်တော့လေ ခနနေ လာခေါ်မယ် ဒီနေ့ စောစောသွားရအောင်"

"အင်း ငါသိပြီ... ပြောစရာမရှိတော့ရင် ငါ... ငါဖုန်းချပြီနော် ruto! ဒါပဲကွာ bye "

Jeongwooဘက်က ဖုန်းချသွားမှ Haruto စကားဆိုလိုက်သည်။ အခုချိန်ထိ ထိုအိပ်ချင်မူးတူးအသံလေးက သူ့နားထဲစွဲထင်နေတုန်းဖြစ်သည်။

**ချစ်ဖို့ကောင်းလိုက်တာ**

စက်ဘီးတစ်စီးထဲကို နှစ်ယောက် တူတူစီးခဲ့ကြဖူးပေမဲ့ ဒီနေ့လို နေ့မျိုးမှာ တူတူစီးရတော့ အေးနေတာကိုတောင် Jeongwoo ဂရုမစိုက်နိုင်တော့။

တွဲနေတာပါလား ဆိုတဲ့အသိက Jeongwooကို အနေရခက်စေသည်။

မိမိဘက်က စကားစပြောချင်ပေမဲ့ တကယ့်တကယ်မှာတော့ ချစ်သူတစ်ယောက်အနေနဲ့ Harutoကို သူဘယ်ကဘယ်လို စပြောရမည်ကို မသိ။

ရဲစိတ်ထည့်ပြီး Jeongwoo ရှေ့ခုံမှာ စက်ဘီးနင်းနေတဲ့ Harutoရဲ့ ခါးနားရှိ အင်္ကျီစကို ဆွဲပြီး စကားဆိုလိုက်သည်။

"Ruto-ya ဟို...ဟိုလေ"

နောက်ဘက်က အသံလေး ထွက်လာတာကြောင့် Haruto အလိုလိုပြုံးမိပြီး ပြန်ပြောလိုက်သည်။

"အင်း ပြောလေ"

"ဟို ငါတို့တကယ်ပဲ တွဲနေကြတာလား"

"သေချာတာပေါ့ တကယ်မတွဲလို့ နှစ်ကယ်တွဲရမှာလား ဟမ် ပြောပါအုံး"

"ဒါဆို Doyoungတို့ကို ပြောပြဖို့ မင်းစဥ်းစားထားလား"

"အဲ့ဒါတော့ Jeongwooသဘောပဲဘယ်လိုပဲဖြစ်ဖြစ် ဒီက Harutoရဲ့ တာဝန်က Jeongwoo တစ်ယောက်တည်းကိုပဲ ချစ်ဖို့လိုတာလေ"

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now