25 (Unicode)

632 103 7
                                    

"မင်း ငါ့ကို ပြောပြချင်တာမျိုး
ရှိလို့လား!!"

Park Jeongwooတစ်ယောက် သူ့နားကို လာမထိုင်ဘဲ အခုထိ အူတူတူကြောင်တောင် လုပ်နေသေးသည့် ချစ်ရသူလူနာရှင်ကို ဘောက်ဆတ်ဆတ် မေးလိုက်သည်။

"အင်း ရှိ- ရှိတယ်"

"အဲ့ဒါဆိုလည်း ဒီမှာ လာထိုင်လေ အဲ့နားမှာပဲ ရပ်မနေနဲ့"

လွတ်နေတဲ့ ဘေးနားက တစ်နေရာစာကို မေးငေါ့ပြလာတဲ့ Jeongwooကြောင့် ကျွန်တော် သူ့အနားကိုသွားဖို့ ရင်ခုန်စွာနဲ့ပဲ တွန့်ဆုတ်ဆုတ်ခြေလှမ်းတွေကို အစပြုလိုက်တယ်။

အနားမကပ်ရတာ ကြာလို့ဖြစ်ပါမည်လေ.... Jeongwoo အနားက အနံ့အသက်လေးကတောင် သာမန်တွေ့တွေ့နေရတတ်တဲ့ ရေမွှေးနံ့ တထောင်းထောင်း မင်းသမီးတွေနဲ့မတူဘဲ baby powderအန့ံလေးလိုလို သစ်သီနံ့သင်းသင်းလေးလိုလိုပင်။

မျက်နှာလေးကလည်း ပိန်ကျသွားလိုက်တာ... အသားရည်ကလည်း အရင်ကလို ချောကလက်ရောင် သမ်းမနေတော့ဘဲ တဖြည်းဖြည်းနဲ့ဖြူဥလာပုံပေါက်သည်။ ဖြူဖြူနုနုလေးနဲ့ ကြည့်မဝလိုက်တာ...

ဆရာဝန်ပေါက်စ ရုပ်လေးပေါက်နေတဲ့ ကျွန်တော့်ရဲ့Jeongwooက အသက် 23နှစ်အရွယ်တဲ့လေ။ ယုံနိုင်စရာမရှိတာမို့ ဘေးနားက Jeongwooကို Harutoသည် မင်းသား အိန္ဒြေတောင် မဆယ်နိုင်သည့်အထိ အကြာကြီး ငေးကြည့်နေမိသည်။

"ပြောစရာ ရှိတာ ပြောလေ။ ​ခနနေ ရက်ချိန်းရှိတဲ့ လူနာလာတော့မှာ"

"အမ်း..."

​အမ်း တစ်လုံးသာ ပြောပြီး လူကို ပဲ ဆက်ကြည့်နေသည်မို့ Park Jeongwooတစ်ယောက် ရှက်လာသည်။ ဒဲ့တိုးသမားသည် အရင်ကအတိုင်း တဇွတ်ထိုးလုပ်တတ်တဲ့အကျင့်ကလေး မပျောက်သေးပေ။ စိတ်ထဲမှာလည်း ဒါကိုပင် ထူးဆန်းစွာ ချစ်စရာကောင်းသည်ဟု တွေးနေမိသည်။

"ဟို.. မင်း ဆက်ကြည့်မနေနဲ့တော့ ပြောစရာရှိတာ ပြော။ ငါ မအားဘူး"

"အဲ့ဒါကလေ...Jeongwoo မင်းထင်ထားသလိုမဟုတ်ဘူးရယ်"

"ဘယ်ဟာကလဲ"

"အဲ့နေ့ညက ကိစ္စလေ။ အဲ့တုန်းက ကိုယ့်ဘက်ကို တမင်လှဲချလာတာ
သူက...ပြီးတော့ အသံတု...။Jeongwooရဲ့ အသံတုနဲ့လည်း
ခြိမ်းခြောက်ခဲ့သေးတယ်။ ကိုယ်က အဲ့ဒါကိုအတည်မှတ်ပြီး ယုံမိသွားတာနဲ့ မင်းကိုအထင်လွဲမိအောင် လုပ်မိသွားတယ်။

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now