11 (Unicode)

653 110 23
                                    


"Jeongwoo! Jeongwoo ထတော့လေ။ ဆေးက ကုန်သွားပြီ။ အပ်လာဖြုတ်ပေးဖို့ ဆရာ့ကို သွားပြောပေးအုံး"

"ဟင်...အင်း"

Jeongwooရဲ့ အိပ်ချင်မူးတူးပုံစံက Harutoအတွက်တော့ အထူးအဆန်းတစ်ခုအလား။

ဆံပင်က ဖွာလန်နေတာ မဟုတ်ပေမဲ့ ခါတိုင်းလို သပ်သပ်ရပ်ရပ်ဖြီးထားတာမျိုးမဟုတ်တာကြောင့် ကြောင်ဖြူလေးတစ်ကောင်အတိုင်း ချစ်ဖို့ကောင်းလွန်းနေသည်ဟု Haruto မသိစိတ်က တွေးမိနေပေမဲ့ လက်တွေ့မှာတော့ လက်စားချေရမည် ဟူသည်ကို နှုတ်ဖျားမှ မချ။

အတွေးနယ်မြေအဆုံးမသတ်ခင် ဆရာရောက်လာတာမို့ ထထိုင်နေရာမှ ကုတင်ပေါ်ကို ပြန်လှဲပစ်လိုက်သည်။

လက်ဖမိုးရဲ့ ဆစ်ခနဲအောင့်သွားတဲ့နာကျင်မှုကြောင့် ဘေးနားက Jeongwooလက်လေးကို ဆွဲကိုင်လိုက်သည်။

"ရပြီ။ မင်းအိမ်ပြန်ချင်လည်း ဆရာက ထောက်ခံစာကို ကျောင်းက ဆရာများရုံးခန်းဆီ ပို့ပေးမယ်။ မပြန်ချင်ဘူးဆိုလည်း နေ့လည်ဆေးပေးလိုက်မယ်။ကျောင်းကန်တင်းမှာ များများစားပြီး ဆေးသောက်လိုက်နော် Haruto"

အမှန်တိုင်းအခြေအနေအရ အိမ်ပြန်ပြနားဖို့ လို်အပ်ပေမဲ့ Haruto အိမ်ပြန်ဖို့မရွေးခဲ့ပေ။Jeongwooရဲ့ မနက်က
"မင်းနဲ့ တူတူစာလုပ်ချင်တယ်"ဆိုသော
စကားက Harutoစိတ်ကို အပြည့်အဝထိန်းချုပ်နိုင်သလို ဆေးပေးခန်းမှာ အပြောမရှိပေမဲ့ ေနွးထွေးကြည်လဲ့တဲ့Jeongwooရဲ့ အနက်ရောင်မျက်ဝန်းလှလှလေးတွေကလည်း Harutoကို မပြန်ချင်အောင် ထိန်းချုပ်ထားနိုင်သည်။

ထမင်းစားပြီး Jeongwooနဲ့တူတူစာလုပ်ဖို့ ထိုင်နေကျ ပြတင်းပေါက်ဘေးက ထိုင်ခုံလေးမှာ တူတူထိုင်ရင်း

Jeongwooရဲ့ "မင်းအဆင်ပြေတာ သေချာလို့လား Rutoရာ။ အိမ်ပြန်ဖို့ လိုတယ်မလား မင်း ပင်ပန်းနေပြီဆိုတာ ငါ
သိတာမို့ စာကို အတင်းဖိမလုပ်ပါနဲ့" ဆိုတဲ့စကားကိုကြားတော့ မည်သို့တုံ့ပြန်ရမည်မှန်း Haruto မစဥ်စားတတ်တော့ပေ။

"ဆရာမMisooကို ကြောက်လို့လေ စာသာ အမြန်ပြန်ရှင်းပြစမ်းပါ Jeongwooရာ"

"Page 46က Ch(6)ကို ကြည့်! AP ဆိုတာတွေ့လား
.
.
.
.
.
အင်း ငါဒီ​ေလာက်ပဲရှင်းပြမယ် လုပ်! Ex(1.3)က နံပါတ်5ကို အစမ်းတွက်ကြည့်။ တွက်နည်းကို အဆင့်မကျော်အောင် တွက်နော်"

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now