17 (Unicode)

600 104 8
                                        

ညဘက်ပိုင်းအပြင်ကိုထွက်လာကြတဲ့ ကိုရီးယားလူထုရဲ့မျက်နှာပေါ်က အပြုံးတွေကအပြည့်။ လမ်းမတွေမှာအလှဆင်ထားတဲ့ ခရစ္စမတ်သစ်ပင်ကြီးတွေနဲ့လည်း သူတို့ဟာဓာတ်ပုံတွဲရိုက်ကြဖို့မမေ့။ မေ့နေတာက ကျွန်တော်တို့။

တစ်လမ်းလုံးတူတူဒိတ်သလိုခိုရှိခဲ့ကြပေမယ့် အခုထိ ခရစ္စမတ်သစ်ပင်နဲ့တွဲမရိုက်ရသေး။ ညဘက်ခင်း နမ့်ဆန်အခြေပိုင်းက ချမ်းအေးလွန်းတာကြောင့်လားတော့မသိ

ဓာတ်ပုံရိုက်ဖို့နေနေသာသာ ကျွန်တော်တို့စကားတောင်မပြောဖြစ်ကြဘူး။

လေအေးတစ်ချက် ဖြတ်ဝင်သွားတိုင်း အသားထဲကိုစိမ့်တိုးလာတဲ့ အအေးဓာတ်က ကျွန်တော့်ကို အရိုးထဲထိချမ်းစေကာ ဘေးနားမှာအတူတူပါလာတဲ့ Rutoရဲ့ပွယောင်းယောင်းအနွေးထည်ကြီးအတွင်း ပြေးဝင်ပစ်ချင်သည်အထိရူးသွပ်စေသည်။

Ruto ဒီကောင်ကတော့ ပတ်ဝန်းကျင်ကဗျူးတွေကို ဟိုငေးဒီငေးနဲ့ ကျွန်တော့်ကိုတောင်အာရုံရပုံမပေါ်ပါဘူး။ လအတော်ကြာလျှို့ဝှက်ထားရတဲ့ ကျွန်တော့်ခံစားချက်ကတော့ ရောထွေးတာမှ တော်တော်ကြီးကိုရောထွေးနေပြီ။

Rutoအမြင်မှာ ကျွန်တော်ကဘယ်လိုဖြစ်နေမဘဲဆိုတာကိုတောင် တစ်လှမ်းကျော်ပြီးတွေးနေမိပြီ။ ဒီနေ့တော့တူတူဒိတ်တယ် နောက်လည်း သူရည်းစားထားတဲ့သတင်းကိုကြားတယ်ဆိုရင်တော့ ကျွန်တော် အဲ့လိုသတင်းကြားကြားချင်း အဲ့နေရာမှာတင်ခွေလဲသွားလောက်မည်။

"အေးလာပြီနော် Jeongwoo"

"မအေးလို့ပူနေရမှာလား ဒါဆောင်းရာသီလေကွ"

"ငါကဘာပြောနေလို့လဲ လာ တာဝါပေါ်သွားရအောင်"

Jeongwooလက်တွေဟာ Harutoရဲ့လက်ဝါးတွေထဲကိုမျောပါသွားခဲ့ပြီဖြစ်တယ်။ လူရှင်းလွန်းနေတဲ့ နမ့်ဆန်တာဝါတိုင်ကြီးရဲ့ အတွင်းပိုင်းက အပြင်အဆင်တွေက ခေတ်မှီလွန်းသည်။

ဓာတ်လှေကားကြီးပေါ်ကိုသူတို့တက်တာနဲ့ ဓာတ်လှေကားရဲ့အမိုးက မီးပန်းLEDတေွကို မောကြည့်ပြီးငေးဖြစ်ကြသည်။

"ငါလည်း ဒီကိုပထမဆုံးရောက်ဖူးတာ...ထင်တာပဲ"

"အာ့ကြောင့် ငါ့ထက်ပို အံ့ဩပြနေတာလား"

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now