"ကဲ ဒါဆို ကျွန်မတို့ နောက်မေးခွန်းတစ်ခုကို ပြောင်းပါမယ်နော်။ Haruto-shi အခုလို အောင်မြင်လာရတဲ့ အကြောင်းအရင်းလေးကို မျှဝေပေးပါအုံး အထူးသဖြင့် ဘယ်လိုအရာတွေက ဒီအလုပ်လုပ်ဖြစ်သွားအောင် တွန်းအားပေးနိုင်ခဲ့တာလဲ?"
Suitဝတ်စုံအပြည့်ဝတ်ထားတဲ့ သတင်းထောက်အမျိုးသမီးလေးက သူ့လက်ထဲက စာရွက်ကိုတိတ်တခိုးဖတ်ပြီး မေးခွန်းတစ်ခုထပ်မေးလာသည်။ Harutoက တိုးတိုးလေး သက်ပြင်းချလိုက်ပြီး...
"Nae... အမှန်တော့ ဒီအနုပညာပိုင်းမှာ အောင်မြင်လာဖို့ဆိုတာ ကျွန်တော်မမျှော်မှန်းထားမိတဲ့ ကိစ္စရပ်တစ်ခုပါ။ ဂျပန်လူမျိုးဆိုတော့ Koreaမှာ အောင်မြင်နိုင်လိမ့်မယ်လို့လည်း တွေးမထားမိဘူးရယ်.... ဒီလိုဖြစ်လာနိုင်ဖို့အတွက်ဆိုရင်တော့ practiceချိန်တွေမှာ အသေအလဲ ကြိုးစားခဲ့ရတာတွေအပြင် ကျွန်တော့်ရဲ့ Entertainmentဆီက အကူအညီတွေကြောင့်လည်း ပါပါတယ်။
ပြီးတော့ ဒီလို အောင်မြင်လာဖို့ရယ်၊ ဒီလို အနုပညာဘက်ကို ခြေလှမ်းစနိုင်ဖို့ရယ်... အင်း အဲ့ဒါက အမှန်တော့ ကျွန်တော် အထက်တန်းကျောင်းသားလောက်တုန်းက သူငယ်ချင်းတစ်ယောက်ကြောင့်ဆိုရင် ပိုမှန်မယ်။ သူက ကျွန်တော့်ကို ဂီတာလေးနဲ့ သီချင်းဆိုပြဖူးတယ်။ အဟမ်း.... အဲ့အချိန်မှာ ဂီတနဲ့ခံစားချက်တွေကိုလည်း ဖော်ပြနိုင်တယ်ဆိုတာကို ကျွန်တော်သိလာခဲ့တာ။ ဒါကြောင့်လည်း အနုပညာခြေလှမ်းကို အဲ့မှာ စပြီးလှမ်းဖြစ်မိတာလို့ပြောရမှာပဲ"
သတင်းထောက်မလေးက ပြုံးကြည့်ေနရင်း သူ့စာရွက်ထဲမှာမရေးထားတဲ့ randomမေးခွန်းတစ်ခုကို ဆိုလာခဲ့တယ်။ "အဲ့သူငယ်ချင်းနဲ့က ဘယ်လိုဆက်ဆံရေးမျိုးတွေရှိခဲ့တာလဲရော သိနိုင်မလား Haruto-shi?"
Harutoက ထိုမေးခွန်းကိုကြားတော့ ရှက်ပြုံးလေးနဲ့ခပ်ကျဲကျဲ အော်ရယ်ပြီး သူ့နှာခေါင်းကိုလက်ညိုးလေးနဲ့ မထိတထိ ကိုင်ရင်း...
"Arr... သူက ကျွန်တော့်အချစ်ဦးပါ"
"Haruto-shiကို Kpopလောကမှာဆို slay kingတို့ ခံစားချက်မဲ့တဲ့ နှလုံးသားပိုင်ရှင်တို့နဲ့တင်စားထားတာ ကြည့်ရတာမဟုတ်တော့ဘူးထင်တယ်နော်... ထင်ထားတာထက် အချစ်ရေးမှာပိုနူးညံ့တာပဲ Haruto-shiက!"
YOU ARE READING
My Dear IKSAN PENGUIN • ʰʲʷ
Lãng mạn[Burmese] 𝗛𝗮𝗿𝘂𝘁𝗼 × 𝗣𝗮𝗿𝗸 𝗝𝗲𝗼𝗻𝗴𝘄𝗼𝗼 [completed] ✎ 𝘀𝗰𝗵𝗼𝗼𝗹 𝗮𝘂 ✎ 𝗱𝗼𝗰𝘁𝗼𝗿 𝘅 𝗶𝗱𝗼𝗹 ✎ 𝗲𝗻𝗲𝗺𝗶𝗲𝘀 𝘁𝗼 𝗹𝗼𝘃𝗲𝗿𝘀 ✎ 𝘄𝗿𝗶𝘁𝘁𝗲𝗻 𝗶𝗻 𝗕𝗨𝗥𝗠𝗘𝗦𝗘
