6 (Unicode)

708 104 28
                                    

"Hyungကို ကျွန်တော်ချစ်တယ်"

"Junkyu Hyung ကျွန်တော်နဲ့ တွဲရအောင်"

အကြီးတန်းတွေ ကျောင်းဆင်းချိန်ကိုထိုင်စောင့်နေတဲ့ Harutoမှ Shiho သန့်ရှင်းရေးတာဝန်ကြောင့် ထွက်မလာသေး၍ စောင့်နေတဲ့ Kim Junkyuကို
ဖွင့်ပြောနေခြင်းပင်။ ချစ်တယ်လို့တော့ မဟုတ်၊ ဒီတိုင်း အခုခေတ်မှာခေတ်စားလာတဲ့ လိင်တူချစ်သူဆိုတာက ဘယ်လိုမျိုးလဲဆိုတာ သူ စူးစမ်းကြည့်ချင်ရုံသက်သက်။

နောက်ပြီး ထင်ထားသလောက် မရင့်ကျက်သေးတဲ့ Harutoထင်ထားသည်က လူတိုင်း သူ့ကို ချစ်သည်၊သူဖွင့်ပြောရင် မည်သူမှ မငြင်း....။ ကိုယ့်ကိုယ်ကို ချစ်တဲ့စိတ်နဲ့အထင်ကြီးတဲ့စိတ်က ဘယ်သူမှ လိုက်မမှီနိုင်တဲ့ levelတစ်ခုတွင်။

ဒါပေမယ့် Harutoဘက်က သူ့အထင်နှင့် သူ အဆင်ပြေနေသော်လည်း Mashihoနဲ့ တွဲနေသည်ကို ဖွင့်ပြောလိုစိတ်မရှိသေးသည့် Junkyuအတွက်
ငြင်းဖို့ နည်းလမ်းက စဥ်စားရခက်နေသည်။

Gayဆိုရင် လူတွေက ကဲ့ရဲ့ကြသည်၊
ကဲ့ရဲ့ခံရမှာ သိပ်ကြောက်တဲ့
နူးနူးညံ့ညံ့စိတ်ထားပိုင်ရှင် Kim Junkyuက အမုန်းခံရမှာကို ရင်မတိုင်နိုင်သေးဘူး။ဆိုတော့ ဒီအကြောင်းကို ဘယ်လိုမှ ထုတ်ပြောလိုက်လို့မဖြစ်ဘူး။

ကျောင်းဆင်းချိန်မို့ လူရှင်းနေပေမဲ့
တစ်ယောက်စ နှစ်ယောက်စ​တော့ ကျန်နေသေးသည်။လက်ကို ဇွတ်ကိုင်ပြီး ဖွင့်ပြောနေတဲ့ Mashihoရဲ့ ညီလေး.... Harutoကြောင့် သူ တော်တော် အနေရခက်နေပြီ။

္**အခုခေတ် ကလေးတွေက ဘယ်လိုဟာလေးတွေလဲ။ တကယ်ပါပဲ Kim Junkyuစဥ်းစားစမ်း... ဘယ်လိုငြင်းရမလဲ ဘယ်လိုငြင်းရမလဲ? အင်း.... playboy? ညီအကို? သူငယ်ချင်း? တွေးမိတာကလည်း ဒါတွေပဲလား Kim Junkyuရေ စိတ်တွေလည်း ညစ်ပါတယ်**

"ငါမင်းကို အားနာပေမဲ့ မင်းကို ငြင်းရလိမ့်မယ် Haruto"

"ဘာလို့လဲ Hyung!"

"ငါ့ညီလေးကပြောတယ် မင်းက playboyတဲ့ ပြီးတော့ Hyungအနေနဲ့ သိတာ ဘာမှမကြာသေးတဲ့ မင်းကို မယုံပေးနိုင်ဘူး။ Hyung မင်းကို အပြတ်ပြောခဲ့မယ် မင်း play boyဆိုတာကို မပြင်နိုင်ရင် Hyungနဲ့ထပ်ပြီး လာမပက်သက်ပါနဲ့ ပြီးတော့ Hyungမှာ ချစ်ရတဲ့ သူရှိပြီးသား"

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now