တွဲတာ တစ်ပတ်ကျော်လောက်ရှိနေပြီဖြစ်ပေမဲ့ Doyoungနဲ့ Yedamie Hyungပဲ သိသည့်ကိစ္စမို့ Jeongwooရော Rutoရောက သူတို့ရဲ့နေ့ရက်တွေကို သာသာယာယာလေးဖြတ်သန်းနေကြသည်။
ထူးထူးဆန်းဆန်း ခရစ္စမတ်လိုနေ့ကြီးမှာ တွဲခဲ့ကြပေမဲ့ နှစ်ကုန်ပိုင်းမှာ ကျင်းပတဲ့ Happy New Year partyကိုလည်း Jeongwooအိမ်မှာပဲ ကျင်းပခဲ့ကြတယ်။
ထို့ကြောင့် အခုဆို Harutoအတွက် Jeongwooတို့ညီအစ်ကိုနှစ်ယောက်ရဲ့အိမ်က တံခါးမရှိ ၊ဓါးမရှိသလိုပင် ဖြစ်နေချေပြီ။
အထက်တန်းပထမနှစ်တွေအတွက် အတန်းတင်စာမေးပွဲ စာမေးပွဲက နောက်လအစောပိုင်းဆိုရင်ပဲ စ ဖြေလောက်ပြီ။ ဇန်နဝါဒီလကုန်ဖို့ကလည်း တစ်ပတ်လောက်သာ လိုတော့သည်မို့ Haruto မနက်စောစော Jeongwooအိမ်ကို စက်ဘီးလေးတစ်စီးနဲ့ရောက်လာသည်။
အိမ်ထဲကို ဝင်လာတော့ Jihoonie Hyungက မနက်စာစားဖို့ခေါ်ပေမဲ့ ငြင်းခဲ့လိုက်ပြီး Jeongwooကိုနှိုးဖို့ အပေါ်ထပ်ကအခန်းထဲကို အရင်တက်သွားသည်။
Jeongwoo အခန်းက Harutoထင်ထားသလိုတော့ မဟုတ်။ အမြဲရှုပ်ပွနေတတ်သည်။ တစ်ခန်းလုံး အမှောင်ကျကာ နေမဝင်သည်မို့ မိုးပြာရောင်လိုက်ကာကြီးကို ဖယ်လိုက်တော့ နေစူးလို့ထင်သည်.....။
တအင်းအင်းနဲ့ ညည်းပြီး ဟိုဘက်လှည့်အိပ်သွားတဲ့ သူ့ရဲ့ချစ်သူလေးကိုကြည့်ရင်း Haruto မိမိဘာသာတောင်မသိဘဲ ပြုံးမိသည်။
မီးခိုးရောင် ခြုံစောင်ကြီးကိုဖယ်လိုက်ရင်း ထဖို့ပြောလိုက်တော့မျက်လုံးပေကလပ် ပေကလပ်နှင့်
"ဒီနေ့တော့ မရဘူး။ အိပ်အုံးမှာပါဆို ကိုကြီးကလည်း"
Harutoက လက်ပိုက်ကာ နှုတ်ခမ်းကိုသပ်လိုက်ပြီး ကုတင်ပေါ်က ကောင်လေးကိုလှုပ်ခါ၏။ထို့ကောင်လေးက လွန့်လူးတွန့်ကွေးရင် ဆက်ပြီးပေတေစွာ အိပ်နေသည်။
"မရဘူး။
မရပါဘူးဆို။
မရဘူး။
လုံးဝ မထဘူးပဲ"
"ဘာကို မထတာလဲ စာလုပ်ရမယ်လေ ထတော့"
ကိုယ့်ကို အရေးမလုပ်ဘဲ ဆက်အိပ်နေသည်မို့ Harutoက သက်ပြင်းတစ်ချချက်ပြီး အကြံထုတ်လိုက်သည်။
YOU ARE READING
My Dear IKSAN PENGUIN • ʰʲʷ
Любовные романы[Burmese] 𝗛𝗮𝗿𝘂𝘁𝗼 × 𝗣𝗮𝗿𝗸 𝗝𝗲𝗼𝗻𝗴𝘄𝗼𝗼 [completed] ✎ 𝘀𝗰𝗵𝗼𝗼𝗹 𝗮𝘂 ✎ 𝗱𝗼𝗰𝘁𝗼𝗿 𝘅 𝗶𝗱𝗼𝗹 ✎ 𝗲𝗻𝗲𝗺𝗶𝗲𝘀 𝘁𝗼 𝗹𝗼𝘃𝗲𝗿𝘀 ✎ 𝘄𝗿𝗶𝘁𝘁𝗲𝗻 𝗶𝗻 𝗕𝗨𝗥𝗠𝗘𝗦𝗘
