26 (Unicode)

699 101 5
                                        


ညက ရွာခဲ့သော မိုးပြေးလေးသည် အခုတော့ သူမဟုတ်သည့်အတိုင်း သာသာယာယာနှင့်....။

နွေဦးပိုင်းဆိုတော့ မနက်ခင်းရဲ့ေနွးထွေးလှတဲ့ ရောင်ခြည်ဖြာ​ေလးက Jeongwoo မျက်နှာပေါ်ကို ဖြာကျနေသည်။

ရည်စားဦးကို ကြည့်နေခဲ့မိ၍ ညက​ နောက်ကျမှ အိပ်ပျော်သော ကျွန်တော်သည် အိပ်ရေးက မဝ တဝ။ မျက်လုံးစူးလာတာမို့ အိပ်ရာက ခပ်သွက်သွက် ထလိုက်သည်။

ဘေးဘီနားတစ်ဝိုက်ကို ရီဝေဝေ မျက်လုံးများနှင့် ေဝှ့ရမ်းလိုက်တော့ သူ ရှိမနေခဲ့။

**ငါ့ကို ထပ်ထားသွားပြန်ပြီ**

စိတ်ထဲက ဝမ်းနည်းသံစွတ်စွာ ညည်းညူစကား ဆိုနိုင်ရုံအပြင် Jeongwoo ဘာမှ မတတ်နိုင်...

မနက်ခင်းတိုင်း ပုံမုန်လုပ်နေကျဖြစ်တဲ့ မျက်နှာသစ်​ခြင်းအမှုကိုပြုပြီးနောက်မှာတော့ shirtလက်ရှည်နီညိုရောင်လေးကို ဝတ်ရင်း စားပွဲပေါ်က အရသာခပ်ပေါ့ပေါ့ ပေါင်မုန့်နှစ်ချပ်ကို စားလိုက်သည်။

ထုံးစံအတိုင်း ေသာက်နေကျ Cafeဆိုင်မှ Latteလေးတစ်ခွက် ဝင်ဝယ်ရင်း ဆေးခန်းကိုပဲ
လာလိုက်ရသည်။

စိတ်မပါသော ခြေလှမ်းများ....

ပတ်ဝန်းကျင်မှာ လက်ချင်းယှက်တွဲထား​ကြသော အတွဲများ...

မေပယ်ပင် အကိုင်းပေါ်က ငှက်မောင်နှံများ...

အားလုံးကက ကျွန်​ေတာ့်ကိုကျီစယ်နေကြသလိုပင်။

ဆေးခန်းကို ရောက်တော့လည်း လူနာမလာသည်မို့ ထိုင်နေကျ ခုံတန်းလေးမှာ တစ်စုံတစ်ယောက်ကို မျှော်ရင်း စာအုပ်သာ ဖတ်နေလိုက်သည်။

စာအုပ်ကတော့ တခြားတလေလည်း မဟုတ်လှ။ နုနုယွယွမနေတတ်ဘဲနဲ့ စာရေးဆရာဖြစ်သွားရတဲ့ အကိုဖြစ်သူ Park Jihoonရဲ့နောက်ဆုံးထွက် "ချစ်ခြင်း အနုပညာ" ဆိုတဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေး။

စာအုပ်သာ ဖတ်နေရသည်။ ဘယ်ချိန်လာမည်လည်းကို လှည့်ကြည့် ၊လှည့်ကြည့်လုပ်နေ၍ စာအုပ်ထဲလည်း စိတ်က သိပ်မရောက်။ သို့ပေသည့် စိတ်လွှင့်နေသော အနှီ Duty coatနှင့့်ဆရာဝန်လေးမှာ အလွန်အမင်းကို ချစ်ဖို့ ကောင်းမှုအတိ။

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now