20 (Unicode)

649 103 26
                                    

နေ့လည်စာစားပြီး စာပြန်လုပ်ခဲ့ကြတဲ့ ကောင်လေးနှစ်ယောက်... ကြားလာတော့ ပျင်းလာသည်မို့ နှစ်ယောက်လုံး ဟန်မြစ်ဘေးကို လေကောင်းလေသန့် သွားရှုဖို့ ဆုံးဖြတ်ခဲ့ကြသည်။

နေမဝင်ခင် ဆည်းဆာချိန် ဟန်မြစ်ဘေးက ရှုခင်းတွေက Harutoအတွက်တော့ ပန်းချီကားတစ်ချပ်လို...

ဘောင်းဘီအိတ်ထဲက တယ်လီဖုန်းလေးကို ထုတ်ရင်း မြစ်ပြင်ကို မျက်နှာမူနေတဲ့ ကောင်လေးပုံကို Haruto ကိုယ်ကိုယ်တိုင်တောင် မသိဘဲ ကင်မရာပေါ်မှာ
မှတ်တမ်းတင်နေမိသည်အထိ မြစ်ပြင်ရဲ့လှိုင်းကြပ်ခွက်တွေက လှလွန်းသည်။

"အမ်...ဘာလုပ်တာလဲ? အာ ရှီး...မင်း​ေနာ် ငါ့ကိုsnapတွေ လာရိုက်နေတာလား"

"မရိုက်ပါဘူး"

"ပြကြည့်"

"မပြပါဘူး သိမ်းထားမှာ"

"ပြကြည့်ပါဆို ပြ ပြ ပြလို့ Ya!! မင်းမပြရင် snapပုံတွေပဲဆိုတာ သေချာတယ် ပြပါဆို "

ဖုန်းကိုကိုင်ရင်း လက်မြှောက်လိုက်တဲ့ Harutoကြောင့် သူ့ထက် အနည်းငယ်... မဆိုစလောက်လေး ပုတဲ့Jeongwooက တယ်လီဖုန်းကို လိုက်ဖမ်းဖို့ မမှီတော့ပေ။

ခုန်ရင်းပေါက်ရင်းနဲ့ ကျွန်တော့်လက်ထဲက ဖုန်းကိုလုဖို့ကြိုးစားနေတဲ့ ပေါက်စနကောင်လေးကြောင့် မလွှဲသာတော့ဘဲ ပေးပြချင်ပေမဲ့ ဘာကိုမျှော်မှန်းမသိ တစ်ခုခုက လိုနေသလိုလို...။

အပြုံးတွေဖြစ်သည်။ ကျွန်တော်လိုနေတာက ငိုမဲ့မဲ့ဖြစ်သွားမဲ့ Jeongwooရဲ့မျက်နှာမျိုးမဟုတ်ဘဲ သူ့ရဲ့ပြုံးရွှင်နေတဲ့မျက်နှာလေးဖြစ်သည်။

သိပ်မကြာလိုက်ပါဘူး။

သူငိုမဲ့မဲ့တွေ လုပ်တော့မယ်ဆိုတဲ့
အငွေ့အသက်တွေ ရနေပါပြီ။

အဆန်းတော့ မဟုတ်ပေမဲ့ ဒါက ကျွန်တော့်အားနည်းချက်တွေထဲက တစ်ခုပါပဲ....ဘာလို့မှန်းတော့ မသိဘူး။ Jeongwoo ငိုမဲ့မဲ့လုပ်တိုင်း စချင်နောက်ချင်အလျှော့မပေးချင်ပေမယ့် တကယ့်တကယ်ကျတော့လည်း ကျွန်တော် မလုပ်ရက်နိုင်ပါဘူး တစ်စက္ကန့်လေးတောင်...

သူကို မျက်ရည်မကျစေချင်တာလားဘာလား မသဲကွဲတော့ဘူးဗျာ။

"Ruto-ya ပြပါလို့ဆိုနေတာကိုကွာ မင်းက-- "

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now