12 (Unicode)

665 118 6
                                    


Haruto အိမ်ပြန်ရောက်လာတော့ ဧည့်ခန်းမှာ Otōsan(အဖေ)ရဲ့လက်ထောက်ဖြစ်တဲ့ Hyunsuk Hyungနဲ့ အကိုဖြစ်သူ Mashi Hyungကို တွေ့လိုက်တာကြောင့် အပေါ်ထပ်က အခန်းကို သွားမယ့် အစီအစဥ်ကို ဖျောက်လိုက်တယ်။

"Mashi Hyung! ဒီကို အလည် ရောက်လာတာလား"

"အင်း မင်းခုမှ ကျောင်းပြန်လာတာမလား အဝတ်စား သွားလဲလိုက်အုံး"

Mashi Hyung ပြောစကားကို နားထောင်ရင်း Haruto အိမ်အပေါ်ထပ်ကို မတက်ချင် တက်ချင်ပုံစံနဲ့ တက်သွားရသည်။

Haruto သန့်စင်းခန်းထဲမှာ မျက်နှာခနသစ်လိုက်၏။ အဝတ်အစားကို မြန်မြန်လဲဝတ်လိုက်ပြီး ဘူးလေးထဲမှာ သူဝတ်နေကျ အရမ်းမြတ်နိုးရတဲ့ self-made Hand chainလေးကို ဂရုတစိုက် ထားလိုက်တယ်။

သိပ်မကြာခင်မှာပဲ Haruto အောက်ထပ်ကို ဆင်းလာပြီး Refrigeratorထဲက သူ အရမ်း ကြိုက်ရတဲ့ colaဘူးကို ယူဖို့ လက်လှမ်းလိုက်ပေမယ့်

**Ruto-yaa မင်းလည်းလေ ဒါပြီးရင် မသောက်တော့ဘူး မသောက်တော့ဘူးဆိုပြီး ထပ်ထပ်သောက်နေပြန်ပြီ။အဲ့colaတွေ ခနခန မသောက်ပါနဲ့လား။
gasတွေအများကြီးပါတော့ ကျန်းမားရေးထိခိုက်တယ် အစာမကြေဘူးမလား** ဆိုတဲ့ တစ်ယောက်သောသူရဲ့
စကားတွေကို နားထဲပြန်ကြားယောင်လာတာမို့ အရမ်းကြိုက်တဲ့ colaဘူးလေးကို ပယ်ပြီး ဘေးက orange juiceကိုပဲ သောက်ဖို့ ယူလာလိုက်သည်။

Haruto ပြောစရာစကား ရှာမရ​သေးတာကြောင့် Hyungနှစ်ယောက်ရဲ့အခါးရည် စကားဝိုင်းမှာ ခနထိုင်လိုက်တယ်။

"အင်း Mashiရေ Hyungလည်း အဲ့အလုပ်လေး လက်စသတ်ပြီးတာနဲ့ Japanကို ခနပြန်ရအုံးမှာ"

"Hyungတော့ ကံကောင်းတာပဲ ကျွန်တော်လည်း Okasan(အမေ)ကိုလွမ်းနေပြီရယ်။ မပြန်နိုင်တော့လည်းမလွယ်ဘူးဗျာ"

Harutoလည်း အသောက်နည်းတဲ့ orange juiceကို ကုန်အောင်ဖြေး​ဖြေးချင်း သောက်နေရင်း

စကားလက်ဆုံကျပြီး အိမ်လွမ်းနာကို အစဖော်နေတဲ့ Hyungတွေကြောင့် စကား ဝင်ပြောဖို့ ဆုံးဖြတ်လိုက်တယ်။

"Hyunsukie Hyung!"

"အင်း Rutoပြောလေ"

"Hyung လူတစ်ယောက် ကိုယ့်ကိုရူးမတတ်ချစ်လာအောင် ဘယ်လိုလုပ်ယူရလဲ သိလား"

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now