15 (Unicode)

687 107 18
                                        

December 25**

Christmasနေ့ ရောက်ပြီဖြစ်တာကြောင့် Jeongwoo မနက်အစောကြီး ထပြီး ရေမိုးချိုး၊အဝတ်စားလဲကာ အပြတ်ရွှိုင်းဖို့ ပြင်ဆင်နေလိုက်တယ်။

မိုးပြာရောင်T-shirtလေးရယ်၊ မှုိတက်ရောင် ဒူးဖြဲထားတဲ့ ဂျင်းဘောင်းဘီရှည်လေးရယ်ကို ဝတ်လိုက်တယ်။ အမဲရောင် ဂျာကင်အကင်္ျီအရှည်ကြီးကို လက်က ကိုင်ပြီး အောက်ထပ်ကိုဆင်းလာလိုက်တယ်။

"Ya Park Jeongwoo နိုးပြီလား ဒီနေ့နိုးတာ စောလိုက်တာ ငါထီထိုးလိုက်ရတော့မလား ငါလာမနှိုးဘဲ မင်းက နိုးနေတယ်ဆိုတော့ ဘာလဲ သွားစရာရှိလို့လား?"

အောက်ထပ်ရောက်တာနဲ့ မဟော်သမာတရားစီရင်ခန်းလို မေးခွန်းတွေအဆက်မပြတ်ပေးနေတဲ့ အကိုဖြစ်သူကို Jeongwooက သက်ပြင်းချပြီး ကြည့်လိုက်သည်။

"အင်း Rutoနဲ့ ကစားကွင်း...."

"ဪ အဲ့Harutoဆိုတဲ့ကောင်လေးနဲ့ပဲ..... နှစ်ယောက်တည်းလား"

"အင်းလေ Hyung ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူးကွာ! မနက်စာလေးတောလ စားသွားအုံး Hyungက ဒီချောကလက်ကွတ်ကီးတွေကို အစောကြီး ထလုပ်ထားရတာ"

"အင်း ကျေးဇူးHyung
Hyungက အကောင်းဆုံးပဲ" ဆိုပြီး ကွတ်ကီးတစ်ခုကို ပါးစပ်ကကိုက်ရင်း Jeongwoo သူ့အကို Park Jihoonကိုဖက်လိုက်တယ်၊ တင်းတင်းကြပ်ကြပ်လေးပေါ့...

Jeongwoo စားပွဲဝိုင်းမှာ Hyungနဲ့ မျက်နှာချင်းဆိုင်ထိုင်ရင်း ကွတ်ကီးနဲ့ နွားနို့ပူပူလေးကို တဖူးဖူးမှုတ်ရင်း သောက်နေသည်။

"Jeongwoo-yaa"

"အင်း Hyung ဘာပြောချင်လို့လဲ"

"မင်း သူ့ကိုကြိုက်နေတာလား?"

Jeongwoo ပေါ့ပေါ့ပါးပါးလေး မေးလိုက်ပေမဲ့ Jihoon Hyungရဲ့မေးခွန်းကြောင့် သောက်နေတဲ့နွားနို့တောင် သီးသွားသည်။ သို့သော် ပြန်တော့မဖြေဖြစ်ပါ။

"အဲ့ Harutoဆိုတဲ့ကောင်လေးပေါ် မျှော်လင့်ချက်တွေ သိပ်မထားမိစေနဲ့။ Hyung ဘာကိုဆိုလိုလဲ Jeongwooသိမှာပါ။ သူ့အကြောင်းတွေ Hyung ကြားရသလောက်ဆို သူက မင်းစိတ်ကစားဖို့တောင် မဖြစ်သင့်တဲ့လူပဲ။ ပွေတယ်ဆိုပြီးလည်း ကြားထားသေးတယ်"

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now