30 (Unicode)

367 49 3
                                    

"Oppa ဟိုဆရာဝန်လေးမလား"

"Nae? ဘာကိုပြောတာလဲ...ဗျ"

ရုတ်တရပ်မေးလာတဲ့ ကျောင်းသူလေးကြောင့် ပစ္စည်းကောက်ပြီးပေးနေတဲ့ Park Jeongwooရဲ့လက်ဟာ လေထဲမှာ တုံ့ခနဲရပ်သွားတယ်။

"ဟိုလေ... Oppaက ဒီပုံထဲ ဆရာဝန်လေးမလားလို့ မေးတာရယ် ဟီးဟီး"

သူ့ဖုန်းGalleryထဲက ပုံတစ်ခုကိုနှိပ်ပြီးပြလာတဲ့ ကျောင်းသူလေးရဲ့ ဖုန်းscreenကို လှမ်းကြည့်လိုက်တော့ အရင်တုန်းက ဆေးခန်းနားမှာ Harutoဆိုတဲ့ ငဒူကောင်က အတင်းလာဖက်ထားသည့်ပုံ...... ဟင်း အဲ့သည်ပုံကလေ အိမ်မက်ဆိုးတွေစုနေသော ပုံစုတ်ပုံပျက်။

အရင်က တွေ့တုန်းက အဲ့သည်ပုံက ဝါးတားတားလေးပါ အခုကြတော့...။ fangirlကောင်မလေးတွေများမလွယ်လှဘူး 144pလို ဝါးတာနေတဲ့ပုံကိုတောင် သူတို့က HDတေွ HQတေွပြောင်းပစ်နိုင်တယ်။

"ညီမ အကြည်လုပ်ထားတော့ ပုံထဲက လူက Oppaမှန်း သိသာသွားတာပေါ့ Oppaက Ruto Oppaနဲ့ တွဲနေတာမလားဟင်"

"အာ....ဟို....အဲ့ဒါက"

အတွေးအိုက်သွားရပြီ။ ကျွန်တော်တကယ်ပဲ ထုတ်မပြောရဲပါဘူး။ idolတွေ သရုပ်ဆောင်တွေရဲ့ဘဝက ရည်းစားထားတာကို ချပြခွင့်မှ မရှိထားတာကြီးကို...

"ဟုတ်တယ်မလား Oppa! တကယ်တွဲနေတယ်ဆိုရင်လည်း Publicကို အမြန်သာ ဖွင့်ချပစ်လိုက်ပါတော့။ Oppaကိုလေ လူတိုင်းက ချစ်ဖို့ကောင်းတယ်လို့ပဲ တွေးကြတာရယ် ပြီးတော့ Kim SeoEunထက် Oppaကိုပဲ Ruto Oppaနဲ့သ​ေဘာတူတာ... ဘယ်သူမှ မကြိုက်တောင် ညီမတို့ကတော့
Oppaဘက်ကပဲမို့ မြန်မြန်ဝန်ခံကြတော့နော် ဟုတ်တယ်မလား MiJin"

"ဟုတ် ဟုတ်တယ် ညီမလည်း သဘောတူတယ်"
ဘေးက မျက်မှန်နဲ့ကောင်မလေးကလည်း အားတက်သရော်ပြောသည်။

စကားတွေကို တရစပ်ပြောသွားတဲ့ ထိုကျောင်းသူလေးကတော့ မမောနိုင်မပန်းနိုင်။ Harutoရဲ့ Fansite masternimတွေထဲ တစ်ယောက်ဖြစ်မည်ဟုသာ Jeongwooက ကောက်ချက်ချလိုက်ရင်း ကြောင်တောင်တောင်မျက်နှာဘေးနဲ့ ေခါင်းပြန်ငြိမ့်ပြလိုက်ရသည်။

ကားက BG Entအနီးက မာဖိုဂူ၊ ဟပ်ဂျောင်းဒုံနားရှိ Main လမ်းမကြီး​ေပါ်ကို ရောက်လာပြီမို့ Busကားလေးက တဖြည်းဖြည်း စက်ရပ်သွားခဲ့သည်။

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now