16 (Unicode)

671 110 14
                                    

ရှုပ်ယှက်ခတ်နေတဲ့ လူထုကြီးက ရုပ်ရှင်ရုံ၏ တံခါးဝမှာ ထူပြောနေသည်။ ထိုအထဲမှာမှ လက်တွဲထားတဲ့ ကောင်ချောလေးနှစ်ယောက်ကလည်း ရုပ်ရည်ကျေးဇူးနဲ့ ပေါ်လွင်ထင်ရှားနေသည်။ လက်တွဲထားတာကြောင့် လူတွေက ဟိုကြည့်သည်ကြည့်နဲ့ ထူးဆန်းသလိုကြည့်ကြ၏။

Jeongwooက စိတ်အိုက်လာသလို လူအုပ်ကြီးထဲက မထွက်နိုင်တာကြောင့် အနေရခက်လာသည်။ ပါးတချို့နီမြန်းနေတဲ့ Jeongwooရဲ့ ဒီပုံရိပ်ကလေးကို Harutoသည် ဘောင်ခတ်ပြီးသိမ်းထားချင်နေသည်။

သူ့စိတ်တွေလည်း ထွေရာလေးပါးသောင်းခြောက်ထောင်ဖြစ်လာနေပြီ။ ဒီကောင်လေးအပေါ် စိတ်ယိုင်လို့မရတာကို အခါခါကျရှုံးလာသလိုခံစားနေရသည်။

"လူရှင်းတာပဲခနစောင့်ရအောင် ငါတို့ဟိုးက ထိုင်ခုံမှာခနထိုင်ပြီးမှ သွားကြမယ်လေ Jeongwoo"

ခေါင်းငြိမ့်ပြလာတဲ့ သူကို Harutoက လက်ကနေဆွဲခေါ်သွားကာ ဆိုဖာအနီခုံပုံလေးတွေပေါ်မှာထိုင်ခိုင်းလိုက်သည်။ ဇာတ်ကားကြည့်အပြီး ပြန်ထွက်လာကြတာမို့ သူတို့ကလူအုပ်ကြီးကို မတိုးနိုင်။

Harutoက ခုံပေါ်က ကောင်လေးကိုငုံ့ကြည့်လိုက်ပြီး အမှတ်တမဲ့တွေ့ရတဲ့ မြင်ကွင်းကြောင့် ထိုင်ချလိုက်သည်။ သူ့ရဲ့လက်တွေရွေ့ပြောင်းရာက Jeongwooရဲ့ဖိနပ်ကလေးဆီကိုသာ ဖြစ်သည်။

လျော့ရွဲနေတဲ့ ဖိနပ်ကြိုးအဖြူလေးက Jeongwooရဲ့ညိုတိုတိုအသားအရည်လေးနဲ့ ကွာဟလှသည်။ အသားရောင်ဖိနပ်အထူလေးမှာ Jeongwooက သူနဲ့အရပ်တူအောင် ခွာပြားလေးထည့်စီးတတ်သည်။ ကျစ်!

**မင်းခြေဖနောင့်တွေတော့ နာနေတော့မှာပဲကွာ**

သေချာလေးစီးပေးလိုက်တော့ Jeongwooက ကျွန်တော့်အား အားနာသလိုငုံ့ကြည့်နေတာကြောင့် ဘာမှစိတ်ထဲမထားဖို့ ပြောလိုက်သည်။လမ်းသွားရင် ကျွန်တော်တို့ဘက်ကိုကြည့်ကြည့်သွားကြတဲ့ လူတွေကိုတော့ ကျွန်တော်တို့နှစ်ယောက်လုံး မသိချင်ယောင်ဆောင်ထားဖြစ်ကြသည်။ ဖိနပ်ကြိုးချည်ပေးတာက...

သူငယ်ချင်းတွေလည်းလုပ်လို့ရတယ်လေ ဟုတ်တယ်မလား? သူငယ်ချင်းမို့လုပ်ပေးတာပဲဟာ ဘယ်သူဝေဖန်ဝေဖန်ပေါ့ သူတို့မှာရည်းစားမရှိတိုင်း လိုက်​ေဝဖန်ချင်ကြသည်။ ငရဲအိုးဂျိုးကပ်မဲ့ဟာလေးတွေ....။

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now