10 (Unicode)

659 115 19
                                    


Haruto  Jeongwooနားနားလေးကို ကပ်ရင်းပြောချလိုက်သည်။

"ဘာလို့ဆိုတော့...ငါ တစ်ခါမှ ​Indirect kissမလုပ်ဖူးလို့"

ရဲပတင်းခတ်သွားတဲ့ Jeongwooရဲ့ပါးလေးကိုကြည့်ရင်း Haruto သူ့စိတ် သူ နားမလည်နိုင်။ ကျေနပ်နေသည်လား ဒါမှမဟုတ် ရံွ့မုန်းနေသည်လား။ သေချာတာတော့ ဒီမြင်ကွင်းက တော်တော်ကိုဆွဲဆောင်မှုရှိပါသည်။

ကြည်နူးနေတဲ့အချိန်လေးက သူတို့အတွက် 1မိနစ်တောင် မကြာလိုက်ပါ။ပထမနှစ် တန်းခွဲAမှာ အချောဆုံးလို့ ပြောလို့ရတဲ့ Yueunက အနားနားကိုလျှောက်လာပြီး

"ဟို...ရေဘူးအပိတ်က ကြပ်နေလို့ ဖွင့်ပေးပါ့လား Ruto-shi"

ဘေးနားမှာ သူမှ သူဖြစ်နေတဲ့ ကောင်လေးတွေကို ရှောင်ဖယ်ပြီး Harutoဆီကို ဇွတ်အတင်းဝင်ရောနေတဲ့ အဲ့ရုပ်ရည်... အဲ့သည်လို ခပ်ညံ့ညံ့အရည်အချင်းတွေနဲ့ မိန်းကလေးက Jeongwooအမြင်မှာတော့ သူ့ဟာသူဘယ်လောက်လှနေနေ ကြည့်ရဆိုးနေသည်။ Harutoလည်း သူမကိုပဲ ကြည့်နေတာမို့ သူ့အတွက် အခွင့်အရေးဆုံးရှုံးသွားမှန်းလည်း Jeongwooတန်းသိလိုက်ချင်းမှာပဲ သန့်စင်ခန်းဘက်ကို
ပြေးထွက်လာလိုက်သည်။ ဘဝကလည်း ပြိုင်ဘက်တွေများလိုက်တာ!

အတန်းထဲမှ လူအားလုံး၏အာရုံစူးစိုက်မှုတို့က Harutoဆီမှာ မြုပ်နှံထားသော်လည်း Harutoရဲ့ စိတ်ကတော့ ပြေးထွက်သွားတဲ့ ကောင်လေးဆီပဲ အတင်းတွန်းပို့ခံနေရသည်။

"အဲ့ဒီဖက်က ဘယ်သူလဲဆိုတာ မသိပေမဲ့ Sorryပါ။ ကျွန်တော်က တခြားသူတွေအတွက်ဆို ရေဘူးဖွင့်ပေးဖွင့် လက်မအားဘူး"

အတန်းထဲက တချို့​ကလည်း Harutoကို တအံ့တဩနှင့် ဒီလို ကောင်မလေးမျိုးကိုပါ ငြင်းရဲတယ်ဆိုသည့်အကြည့်မျုိးနှင့် ​တုံ့ပြန်နေကြပေမဲ့  Harutoက​ေတာ့ လျစ်လျူရှုရင်း သန့်စင်ခန်းဘက်ကို ပြေးလာလိုက်သည်။

တိတ်ဆိတ်ပြီး အနွေးဓာတ်မရှိတာကြောင့် ကျောင်းသားအများစုဟာ ယောကျာ်းလေးသန့်စင်ခန်းကို ဆောင်းတွင်းPEချိန်ဆို မည်သူမှ မသွားကြ။ အသွားအလာလည်း နည်းသည်မို့ Harutoစိတ်ပူနေမိသည်။ သန့်စင်ခန်းထဲ ဝင်လိုက်တော့ သူမျှော်နေတဲ့ အကောင်ပေါက်ကို မတွေ့ရတာကြောင့် Jeongwoo နာမည်လေးကိုပဲ ပါးစပ်ဖျားက တဖွဖွခေါ်ရင်း ရေအိမ်တစ်ခုစီတိုင်းကို တံခါးလိုက်ဖွင့်ကြည့်သည်။

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now