34 (Unicode)

578 82 26
                                    

"Jeongwoo ဘာလုပ်နေတာလဲ ခနဖြစ်ဖြစ် အိပ်လေ လေယာဥ်မူးနေမယ်"

ဟုတ်သည်။ ကျွန်တော်တို့ အခု လေယာဥ်ပေါ်တွင် အတူတူရှိနေကြခြင်း။

တိမ်တွေ ဖုံးနေတဲ့ ညဘက်Seoulမြို့ရဲ့ အပေါ်စီး ရှုခင်းကိုကြည့်ရင်း ကျွန်တော် Harutoဘက်ကိုလှည့်ကာ ပြန်ပြုံးပြလိုက်တယ်။

"အင်း.... ငါ မင်းစကားမို့ နားထောင်လိုက်မယ်"

လက်ကို လာကိုင်တဲ့ ဤခံစားချက်။ မျက်လုံးမှိတ်နေရင်းပဲ ချက်ချင်း ပြုံးမိသွားပြန်၏။သေချာတာတော့ အဆိုပါလက်လာကိုင်သူအား ကျွန်တော် အတိုင်းအဆမရှိ မြတ်နိုးသည်။

အင်ချွန်းလေဆိပ်မှ ထွက်ခွာလာသောခရီးစဥ်က အချိန်နာရီပိုင်းအတွင်းမှာပဲ ဖူကူအိုကာမြို့သို့ ဆိုက်ရောက်လာခဲ့သည်။

အိမ်တစ်အိမ်၏အရှေ့တွင် Jeongwooက Haruto သူ့အဖေနဲ့အမေကို လှမ်းခေါ်နေတဲ့ပုံအား နောက်ကနေ ရပ်ကြည့်နေ၏။

"Otōsan!!!! Okasan!!!"

အိမ်ထဲမှ အမျိုးသမီးတစ်ဦးက အသံကြားတာနဲ့အမြန်ပင် ပြေးထွက်လာသည့်ပုံစံ။ Jeongwooသည် ပထမဆုံးအကြိမ်ကျောချမ်းနေမိသည်။

"Ruto? သားရယ် ပြန်မလာတာ တော်တော်တောင် ကြာသွားပြီ နေရော ကောင်းရဲ့လား ပိန်သွတယ် အမေ့သားလေး..."

"သတင်းတွေ ကြားတယ်။ တကယ်လားဟင် သား"

အမျိုးသမီးက ကျွန်တော့်အားတစ်ချက်လှမ်းကြည့်ကာ မျက်နှာရိပ်မျက်နှာကဲဖြင့် မေးနေတာကြောင့် ကျွန်တော့်လက်ကိုတွဲထားသော Haruto၏လက်များက ပိုမိုတင်းကြပ်သွားသယောင်။

"အင်း"

"Rutoရယ် မင်းအဖေကို မကြောက်တာလား သူသိပြီးပြီ။ ပွဲလည်း ကြမ်းပြီးပြီ။ မင်း ဘာလို့အဲ့လိုလုပ်ရတာလဲ"

"ချစ်တာကိုး"

"ဟေ?"

"Jeongwoo-ya ဘာလို့စိုက်ကြည့်နေသေးတာလဲ လာ! တူတူအိမ်ထဲ
ဝင်ရအောင်"

"အဲ့ဒါဘယ်သူလေးတုန်း သား"

သည်တစ်ခေါက်မှာ​တော့ ကျွန်တော်ရော Harutoပါမျက်လုံးပြူးသည့် အချိန်။ အခုနကပဲ ကန့်ကွက်တဲ့ပုံစံကြီးနဲ့းမေးခွန်းထုတ်နေခဲ့တာမဟုတ်ဘူးလား?

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now