7 (unicode)

701 138 17
                                        

Dobbyနဲ့ လေပေါနေတဲ့အချိန် ပုခုံးကို လာပုတ်တာကြောင့် Park Jeongwoo နောက်ခုံကို လှည့်ကြည့်လိုက်တယ်။

"ရော့"

"အ..အမ် ဒါက ဘာကြီးလဲ"

"ချောကလက်ကွတ်ကီးတွေပါတယ်
မင်းကို ပေးတာ ရော့"

"ရတယ် ငါက ချောကလက်မကြိုက်ဘူး။မင်းဘာသာဘဲ စားလိုက် Naruto....အဲ! မှားလို့ Haruto"

"ကျစ်! တခြားသူက စားစေချင်လို့ပေးရင် ယူရမယ်လို့ မင်းမိဘတွေက မပြောထားဘူးလား ငါမလိုချင်လို့ မင်းကိုပေးတာ ယူလိုက်...ရော့"

"ဪ...ဒါဆိုလည်း ယူထားမယ် ငါ့မိဘတွေက ကောင်းကောင်းသင်ထားပါတယ်"

Park Jeongwooတစ်ယောက် ချောကလက်ကို လှမ်းယူလိုက်ပေမယ့် စိတ်ထဲကတော့ အင်တင်တင်ဖြစ်သွားရတယ်။

**ဘာလဲ...ဘာလို့ ချောကလက်တွေလာပေးရတာလဲ ငါတို့က အဲ့လိုတွေ ပေးရလောက်တဲ့အထိ ရင်းနှီးသွားလို့လား Haruto...ပေးတဲ့ပုံကလည်း မယူရင် တကယ်သတ်မဲ့ပုံကြီးနဲ့! ငါမင်းကို တကယ်နားမလည်တော့ဘူး Haruto**

သူ့နည်းတူ ကိုယ့်အတွေး၊ကိုယ့်အကြံအစည်နဲ့ကိုယ် လက်ဆောင်ပေးတဲ့ ကောင်လေးကလည်း သူ့ရဲ့အရေးတော်ပုံအောင်မြင်ရေးကို အာရုံစိုက်ထားလေရဲ့။

**မင်း သေချာပေါက် ငါပြောတာကိုပဲ လုပ်ရမယ် Park Jeongwoo....ငါ့ကိုကြွေဆင်းသွားစေရမယ် အာချောင်ထားတဲ့အတွက် မင်းအပြစ်ကို မင်းကိုယ်တိုင်နားလည်သွားစေရမယ်**

အတွေးကိုယ်စီနဲ့ ကောင်လေးနှစ်ယောက်... အချစ်နဲ့ ပက်သက်တဲ့ ကစားပွဲကို စတင်လိုက်တဲ့အချိန်ကစပြီး အနိုင်နဲ့ အရှုံးဆိုတာပဲ သူတို့တွေးမိကြသည်။

တစ်ယောက်ကတော့ သူဘာမှမလုပ်ခဲ့သလို ဘာမှလည်းမသိဘဲ ကစားပွဲကို စိန်ခေါ်လိုက်မိသလိုဖြစ်သွားပေမယ့် ပြိုင်ဘက်က အငြိုးကြီးတဲ့သူဖြစ်နေတဲ့အခါမှာတော့....

...............................

အချိန်တွေ တဖြည်းဖြည်းကုန်သွားသလို အရင်က အခေါ်အပြောမရှိခဲ့တဲ့ Harutoနဲ့ Jeongwooလည်း ရင်းနှီးလာခဲ့တယ်။သို့ပေမဲ့ Haruto လိုချင်တဲ့ အခြေအနေတစ်ခုထိ မရောက်သေးသလို အရာအားလုံးက ပုံမှန်လိုပဲ ဖြတ်သန်းနေရဆဲ။

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now