final (Unicode)

558 46 4
                                    

"Ruto-ya မင်း ဘာလို့ ငါ့ကိုချစ်တာလဲ"

"မင်းဖြစ်နေလို့လေ စည်းစိမ်တွေ ရာထူးတွေ၊ရုပ်ရည်တွေကြောင့် မဟုတ်ဘဲ ဒီတိုင်း..... မင်းဖြစ်နေလို့ကိုချစ်တာ"

"ဘယ်ချိန်တည်းကလဲ"

"အဲ့အချိန်ပေါ့ မင်းနဲ့အတူကျောင်းတက်တုန်းက ရှေ့တန်းမှာ ထိုင်တဲ့ မင်းကို အရမ်း စိတ်ဝင်စားခဲ့တာ ဒါမဲ့......"

စကားစကို ဖြတ်လိုက်ပြီး မျက်နှာချင်းဆိုင်မှာရှိတဲ့ ဖူကူအိုကာမြို့ရဲ့ နေဆည်းဆာရှုခင်းဘက်ကို လှည့်သွားတဲ့ Rutoကို Jeongwooဆက်မေးလိုက်တယ်။

"ဒါမဲ့ နောက်တော့ရော"

"နောက်တော့ အထင်လွဲမိသွားတယ်"

"ဟင်"

"အင်း...အဲ့တုန်းက မင်းနဲ့ စတွဲတုန်းကပေါ့ အပျော်လို့ပဲ တွေးခဲ့မိတာ Junkyu Hyungနဲ့ ကိစ္စတစ်ခုဖြစ်ပြီး အထင်လွှဲမိခဲ့သေးတယ်။မချစ်ဘူးလုပ်ထားပေမဲ့ မင်းကို နောက်ဆုံးတော့ အတည်
ချစ်မိသွားတာပဲ အဖက်တင်တယ် ပြောမပြခဲ့မိလို့ တောင်းပန်ပါတယ်"

"သိပြီးသားပါ အဲ့တုန်းက Junkyu Hyung ငါ့ကို လာပြောဖူးပါတယ်။ကောင်လေးတစ်ယောက် သူ့ကို လာဖွင့်ပြောတာ မငြင်းရဲတာနဲ့ မင်းနာမည် ယူသုံးမိလိုက်တယ်ဆိုပြီး....ကြာခဲ့ပါပြီ Haruto-shiရဲ့! မင်းလို့ မထင်ထားခဲ့ပေမဲ့ နားလည်ပေးပြီးသားပါ အတိတ်တွေဆိုတော့ မေ့ပစ်တာပဲကောင်းတယ်မဟုတ်လား"

"ဒါမဲ့လည်း....."

"ငါက မင်းရဲ့ tensionလေ​းဖြစ်ပေးမယ်လို့ ပြောခဲ့တယ်မလား။ ဘယ်လိုပဲဖြစ်နေနေ ငါ့အတွက် မင်းက အရေးပါပြီးသားပါဆို"

"အင်း......"

Jeongwooရဲ့ ပုခုံးကို လက်တစ်ဖက်နဲ့ လှမ်းဖက်ရင်း အိမ်အပေါ်ထပ်ကနေ ဖူကူအိုကာမြို့ရဲ့ နေဝင်ဆည်းဆာကို
ကြည့်ရင်းနှစ်ယောက်သား အမှတ်တရတွေ ဖန်တီးခဲ့ကြတယ်......

........................

Rutoရဲ့ မိဘတွေအိမ်မှာနေခဲ့ရတာ ဒီနေ့တော့ လွတ်ပြီမို့ Jeongwoo အပျော်ကြီးပျော်နေသည်။ အနေခက်ရလွန်းပြီး အခေါ်အဝေါ်တွေလည်း သိပ်မသိတဲ့အတွက် Jeongwooက အရမ်းပင်ပန်းနေတဲ့ပုံစံနဲ့တူပေမဲ့ အနားမှာရှိနေတဲ့ Rutoကတော့ အမြဲ
အားပေး​ေနသလို ဂျပန်စကားလည်း သင်ပေးသေး​သည်။

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now