3 (Unicode)

927 141 13
                                    


"အေး မမြင်ဘူး မမြင်တော့ ဘာဖြစ်ချင်လဲ!! Wae wae? ဘာဖြစ်ချင်လဲပြော...
ဝင်တိုက်တာ မင်းလေ လာပြီးအော်မနေနဲ့ လူကဖြင့် ကလေးsizeနဲ့ကိုများ"

Harutoရန်တောင်မတွေ့လိုက်ရ။
စိတ်ထဲမှာတော့ ပယ်ပယ်နယ်နယ်ကို
ကြည့်မရဖြစ်နေ၍ တော်တော်လေး ဒေါကန်သွားတော့တယ်။

**သူကပဲ အော်ကွဲပြီး အခန်းထဲ ဝင်သွားတယ် ခေါင်းကလည်း ဝါကြောင်ကြောင်နဲ့ စာသင်ရင်
အငြိမ်မနေတဲ့ မှန်ကြောင်ကောင်**

Haruto ထွက်သွားတဲ့ ကောင်လေးကိုတစ်ချက်လည်ပြန်လှည့်ကြည့်ပြီး ကိုယ်သွားရမဲ့ အိမ်သာကိုသာ တည့်တည့်သွားလိုက်သည်။ အိမ်သာကအပြန်မှာတော့ နေ့လည်ကတွေ့လာတဲ့ Mashi Hyungရဲ့သူငယ်ချင်းနဲ့ ထပ်တွေ့တာကြောင့်

"Oh! Hyung အာညော်... ကျွန်တော့်ကိုမှတ်မိလား Mashi Hyungရဲ့
ညီလေးလေ Haruto"

**အော် Shihoညီလေးပဲ သင့်မြတ်အောင်ပေါင်းမှဖြစ်မယ် သူ့အကိုနဲ့ခွင့်ပြုပေးဖို့ကလည်းလိုသေးတော့**

"အဟမ်း ဪ မှတ်မိပြီ Haruto
ညီလေး အတန်းသွားမတက်သေးဘူးလား! ခုဏက ကျောင်းတက်alarm
မြည်ပြီးသွားပြီနော်"

"အော် ဟုတ်လား ကျွန်တော် မကြားလိုက်ဘူး။ ဒါဆို သွားတော့မယ် Hyung"

................................

"ဆရာမ ဝင်ခွင့်ပြုပါ"

"​ေကျာင်းသား Haruto! ဒါကျောင်းတက်ချိန်ဆိုတာ မင်းမသိဘူးလား
ဆရာမကတော် ကျောင်းသားသစ်ဆိုလည်း ခွင့်မလွှတ်ပေးနိုင်ဘူး အတန်းပြင်မှာ လက်မြှောက်ပြီးသွားရပ်နေ!
ဆရာမ ဝင်လာဆိုမှ ဝင်ခဲ့ သွား သွား"

"ကဲ ဒါဆို ဆရာမတို့ ခုဏကသင်နေတဲ့
H2O2နဲ့ O2 preparationအကြောင်းကို ဆက်သွားမယ်နော် Oxygenရဲ့ ဒြပ်ဂုဏ်သတ္တိတွေနဲ့ အသုံးဝင်မှုတွေကို...."

စာရှင်းပြသံတွေ အော်မြည်နေတဲ့စာသင်ခန်းကိုကျောပေးကာ Harutoတစ်ယောက် ကလန့်ကုလားအရပ်နဲ့ လက်မြှောက်ထားရသည်မို့ သူ့ရဲ့ ကျောင်းဝတ်စုံက အပေါ်ကို မသိမသာလေးတက်နေသည်။

တစ်ဖက်မှာတော့

်**စာကောင်းကောင်းသင်ရမယ်လို့ထင်တာတောင် မကြာလိုက်ဘူးပဲ Jeongwooရေ မင်းဘာလို့ စာတွေ ကောင်းကောင်းလုပ်ခဲ့မိတာလဲ**

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now