22 (Unicode)

675 105 23
                                    

နောက်ဆုံးစာမေးပွဲကြီးက ဘာလိုလိုနဲ့ ပြီးသွားခဲ့သည်။

တန်းခွဲAမှ ကျောင်းသားများစုပြီး နှုတ်ဆက်ပွဲကျင်းပကြမည်
ဟုဆို၍ Haruto ဘီရိုထဲက အမည်းရောင် T-shirtလေးကို ဝတ်လိုက်ပြီး နဂါးပုံပါတဲ့ အမည်းရောင် အပေါ်ဝတ်လေးကိုပဲ
ထပ်ဝတ်လိုက်တယ်။ မှုိတက်ရောင်ဂျင်းဘောင်းဘီကိုပါ ဝတ်လိုက်တော့ အရွယ်နဲ့မလိုက်စွာ သူ့ရဲ့ချောမောမှုကြီးဟာ နတ်ဘုရားတစ်ပါးအသွင်။

"Haruto! ဘာလုပ်နေလဲ... မင်း သူငယ်ချင်းတွေ လာခေါ်နေပြီ Jeongwooလေးရော ပါတယ် မြန်မြန်ဆင်းခဲ့"

Jeongwooဆိုတဲ့ အသံကြားသည်နှင့် လှေကားပေါ်ကနေ ကျားလိုက်ခံရသလို ပြေးဆင်းလာသူက Harutoဆိုသော ကောင်ချောလေး။

"Rutoကလည်း ဘာလုပ်နေတာလဲ
ကြာလိုက်တာ"

"Sorry ငါ ရေချိုးတာ ကြာသွားလို့"

"အအေးပတ်နေအုံးမယ်။ နောက်ခါ မြန်မြန်ချိုးနော်"

ပြောရင်းနှင့် အင်္ကျီဇစ်ကို လာဆွဲတပ်ပေးသူကြောင့် အခုဆို ကျွန်တော် ရင်ဘတ်တွေဟာလည်း မခုန်စဖူးခုန်တတ်လာပါပြီ...။ ဒါသည်လည်းပဲ အချစ်၏နိယာမတစ်ခုဟု သတ်မှတ်လို့ရနိုင်ပါသလား?

ညတိုင်း စိတ်ညစ်နေရပေမဲ့ မနက်ခင်းတိုင်းကြားရတဲ့ Jeongwooအသံလေးကြောင့် ကျွန်တော့်တစ်နေ့တာလုံးဟာ အန်နာဘွန်စီသောက်ပြီး ဖြတ်သန်းလိုက်ရသလိုပင်။

"Hyunsukkie Hyungရော လိုက်မလား ရုံးပိတ်တာပဲ။ ပြီးတော့ ကျွန်တော့်Hyung... Jihoonie Hyungလည်း ပါတယ်။ စိတ်မချလို့ လိုက်ထိန်းတာတဲ့ လိုက်ချင်လိုက်ခဲ့ပါ့လား"

စာမေးပွဲဖြေပြီးသည့်အထိန်းအမှတ်နှင့် လူငယ်တွေပီပီ အတန်းလိုက်စုပြီး ပါတီလုပ်ဖြစ်ကြသည်။ ထုံးစံအတိုင်း အသောက်အစားလေးလည်း ပါလေတော့ အကိုဖြစ်သူကြီးကပါ လိုက်လာမည်ပြော၍ Jeongwooတစ်ယောက် အကိုကိုပါ ခေါ်ခဲ့ရခြင်း။

"ရပါတယ် မလိုက်တော့ဘူး။အင်္ကျီကလည်း ဖရိုဖရဲနဲ့မို့မလိုက်တော့ဘူးနော် Jeongwooတို့ပဲ
သွားတော့နော်"

"ဒါဆို Hyung အိမ်မှာတစ်ယောက်တည်း ဖြစ်နေမှာပေါ့ ကျွန်တော် နေခဲ့လိုက်တော့မယ်"

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now