9 (Unicode)

672 123 17
                                        

မနက်ခင်းဆို Jihoon Hyungက ကျွန်တော်နဲ့ အတန်းမတူတော့နောက်ကျမှပဲ သွားရတယ်။နောက်ဆုံးနှစ်ဆိုတော့ ကင်းလွှတ်ခွင့်များသလို ဖိအားလည်းများတယ်ထင်ပါရဲ့။ သူဖျော်ပေးထားတဲ့ ready-made coffeeလေးတွေကတော့ ကျွန်တော့်ကို
မနက်တိုင်း အားဖြစ်စေတာ အမှန်ပဲ...

ဆောင်းတွင်းလလယ်ပိုင်းလောက်ရောက်နေပေမဲ့ မာဖိုမြို့ကြီးက Jeongwooမျှော်လင့်ထားသလို နှင်းမကျသေး။

"Seoulရဲ့ မာဖိုမြို့အခြေအနေကတော့ ဒီနေ့ကစပြီးနှင်းကျမယ်လို့ သိရပါတယ်။Seoulရဲ့ အင်ချွန်းဘက်မှာတော့..."

TVမှာလာနေတဲ့ မိုးလေဝသသတင်းကို တဝက်တပျက် နားထောင်ရင်း Jeongwooလည်း ကျောင်းကိုပဲ ခါတိုင်းလို စက်ဘီးကလေးစီးရင်း လာလိုက်သည်။

ပထမနှစ် တန်းခွဲAက နှစ်ထပ်မြောက်မှာရှိတာကြောင့် လှေကားလက်တန်းကို သူဖတ်နေကျ zoologyဆိုင်ရာ စာအုပ်တစ်အုပ်ကို ဖတ်ရင်း Corridorကို လျှောက်လာသည်။

"Ya! HaJeongwoo. . ."

အာပြဲလျှာပြဲစွာ လူတကာကြားအောင် ခေါ်နေတဲ့ Harutoကို တစ်ချက်လှည့်ကြည့်ပြီး ဖတ်လက်စ စာအုပ်ဆီပဲ ပြန်လည်ဦးတည်ချိန်မှာတော့

"Yaa! HaJeongwoo ခေါ်နေတာကြာပြီကို... မင်းက ပြန်တောင် လှည့်မလာဘူးပေါ့လေ"

"လာရအောင် မင်းခေါ်နေတဲ့ HaJeongwooက ငါမှ မဟုတ်တာ! ငါက Park Jeongwooကွ"

"မင်းမသိသေးဘူးလား HaJeongwooဆိုတာ ငါ့နာမည်နဲ့
မင်းနာမည်ကိုပေါင်းထားတာလေ။ အဲ့ဒါကြောင့် မင်းက Haလို့ ပြောတိုင်း
ငါက Jeongwoo~ လို့ ပြန်ထူးမှာ"

"ဘာမှလည်း မဆိုင်သလိုပဲ"

"ဆိုင်တာပေါ့ ငါတို့က နောက်ဆို ဘယ်သူမှ မမှီနိုင်တဲ့ ဆက်ဆံရေးမျိုးရှိလာနိုင်ပဲဟာ လုံးဝ chemistryအပြည့်နဲ့လေ!"

ဟန်ဆောင်အပြုံးတွေရဲ့ နောက်ကွယ်က Harutoစိတ်ထဲမှာတော့

**Park Jeongwoo.... Park Jeongwoo မင်း ငါ့ကို ချစ်မိသွားတဲ့ တစ်နေ့၊ ငါ မင်းကို ​လူတွေရှေ့မှာ ငြင်းနိုင်ဖို့ ဒါတွေ လုပ်နေရတာ စိတ်ပါလို့တော့ထင်မနေနဲ့. . .**

"ဒါဆို ဘယ်လိုဆက်ဆံရေးမျိုးလဲ"

"အင်း...ဖြစ်နိုင်တာတော့ ညီအကိုလို??"

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now