23 (Unicode)

616 99 14
                                    

"Junghwan?"

မျက်ရည်တွေကင်းစင်သွားတဲ့ မျက်ဝန်းထဲကို ကောင်လေးတစ်ယောက်ဝင်လာတယ်။ ငယ်ငယ်ကတည်းက အီဂ်ဆန်မှာ အတူတူနေခဲ့ဖူးတဲ့ ညီလေးတစ်ယောက်။

"Hyung အခု ဘာလုပ်နေတာလဲ ရူးသွားပြီလား"

"အင်း Junghwan! ငါ ရူးသွားပြီ"

"အရင်ဆုံး အဲ့ဒီဘောင်တန်းပေါ်က ဆင်းလိုက် Hyung.... ကျွန်တော် ပြောတာ နားထောင်ပါ"

စိတ်ကို ဖြေးဖြေးချင်းလျှော့ပြီး
တံတားဘောင်တန်းငယ်ပေါ်ကနေ
ကျွန်တော် ဆင်းလိုက်တယ်။ အဆင်မပြေသေးတဲ့ စိတ်အခြေအနေကို တံတားဆီကိုတိုက်ခတ်လာတဲ့လေညှင်းက ခေါ်ဆောင်မသွားလေဘူး။

"Jeongwoo Hyung ညတောင် တော်တော်ညှဥ့်နက်နေပြီ။ ဘာလို့ iksanကို ရုတ်တရပ်ကြီးလာရတာလဲ"

"Junghwan-aa မင်း... မင်း ဘယ်လိုထင်လဲ....."

ဖြစ်ပျက်ခဲ့သမျှကို ကိုယ့်ထက်ငယ်တဲ့ Junghwanကို ရင်ဖွင့်ရင်း ပြောပြလိုက်တော့ ထိုကလေးသည် လက်သီးဆုပ်ပြီးဒေါသထွက်ပြသည်။ နောက်တော့ ခနတိတ်ဆိတ်သွားပြီး တံတားအောက်က မြစ်ပြင်ဆီကိုငုံ့ကြည့်ကာ

"Hyung ကျွန်တော် ဘာပြောရမှန်းတော့မသိဘူး အကြံပေးချင်တာကို သူ့ကို ယုံကြည်သင့်တယ်ထင်တာပဲ။အနည်းဆုံးတော့ တစ်ခါလောက်ဖြစ်ဖြစ် ​ပြန်သွားကြည့်လိုက်ပါ့လား"

"ငါ ရင်မဆိုင်ရဲတော့ဘူး။ သူ့ကိုရော အဲ့မိန်းကလေးကိုရော... အကယ်၍များသူတို့တကယ်တွဲနေကြတာဆိုရင် ငါက ဘေးလူဖြစ်သွားပြီ ငါသူ့ကိုမမုန်းနိုင်ပေမယ့် အဲ့လိုဘေးလူတစ်ယောက်ခံစားရမဲ့ ခံစားချက်တွေကိုတော့ ငါ မုန်းတယ် Junghwan"

တံတားဘောင်တန်းတွေဟာ လက်တင်ဖို့အေးစက်လွန်းတယ်။ မမြင်ရတဲ့အမှုန်အမွှား နှင်းဖွဲနှင်းစက်လေးတွေကြောင့် စိုစွတ်နေတဲ့ တံတားဘောင်ကို ထိမိတယ်။ ဒီနေ့ညသည် သာမန်ထက်ပို၍ အေးစက်လွန်းနေသည်။

"ဒါဆို Hyung ဘာလုပ်မှာလဲ"

"ငါ Seoulကို မပြန်တော့ဘူး။ ဒီမှာနေတဲ့ မိဘတွေဆီလည်း
မပြန်ချင်တော့ဘူးရယ်.... ဘဝအသစ်စချင်တယ်"

"Hyungရာ ကိုယ်လည်းမမှားဘဲနဲ့ကို ဘာလို့ရှောင်ပြေးချင်နေရတာလဲ?"

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now