31 (Unicode)

287 35 0
                                        

နှစ်ယောက်လုံး အဖြူရောင်maskလေးတွေ ကိုယ်စီတပ်ရင်း လက်တွဲပြီး ခြေလှမ်းတွေကို မာဖိုစျေးရဲ့ တစ်နေရာဆီ ဦးတည်လိုက်ကြတယ်။စျေးက လူစည်ကားပေမဲ့ သက်ကြီးပိုင်း စျေးဝယ်သူများသာရှိ၍ Harutoလို idolတစ်ယောက်ကိုတောင် မည်သူမှ သတိမထားမိကြ။

Fish cakeဆိုင်ကို တွေ့တော့ နှစ်ယောက်လုံးက တက်တက်ကြွကြွနဲ့ ဝင်စားဖြစ်ကြတယ်။ချစ်ဖို့ကောင်းတဲ့ Jeongwooရဲ့နှုတ်ခမ်းပါးထက်မှာ ​ေချာကလက် ဆော့စ် အနည်းငယ်ပေသွားတာမို့ Harutoက သူ့လက်မလေးနဲ့
ပွတ်ဆွဲပြီး သုတ်ပေးလိုက်တယ်။

"ဘာလုပ်...."

"ဆော့စ်ပေနေလို့လေ aigooooo မင်းက ဘာတွေများတွေးနေတာလဲနော်"

"ဘာ!!! ဘာကိုတွေးရမှာလဲ!အဓိပ္ပာယ်မရှိတာ"

"လူလေးကို အန်တီတွေ့ဖူးသလိုပဲ။ TVထဲမှာလားမသိဘူး"

ဆိုင်ရှင်အန်တီကြီးက အသက် 50လောက် ရှိမယ်ထင်။ဒီလိုမေးခွန်းလာမေးတော့ ကျွန်တော်တို့နှစ်ယောက်လုံး လန့်သွားကြတယ် တကယ်ဆိုလူသတိထားခံရမှာက ပုံမှန်ပေမယ့်လည်း Harutoက ကျွန်တော်တို့ဆက်ဆံရေးကို ပါ့ပလစ်မှာချပြချင်မှ အဆင်ပြေမှာဆိုပေမယ့်လည်း.... ကိုရီးယားနိုင်ငံလို ​ဖံွ့ဖြိုးဆဲနိုင်ငံမှာ လိင်တူအချစ်ကို ဖန်သားပြင်က သတင်းတွေဆီပါလာခဲ့ရင်တောင် လူတွေက သတီချင်တာမဟုတ်ဘူးလေ...။

"အန်တီ လူမှားတာဖြစ်မယ်ဗျ"

"ဟုတ်လားကွယ် အန်တီလည်း မျက်လုံးက မှုန်နေတော့ မှားသွားတယ်ထင်တယ်ကွယ်...ရော့ရော့ ဒါလေးက သားတို့ ထပ်မှာထားတဲ့ဆွန်းဒယ်နော်"

ဆွန်းဒယ်ပွဲကို ကြည့်ပြီးနှစ်ယောက်သားကြားက လေထုဟာ ရုတ်လျည်း တိတ်ဆိတ်သွားသည်။ဝန်ခံလို့လည်း မရ၊ ငြင်းပယ်လို့လည်း မရဲ။ ထိုသို့သော ဆက်ဆံရေးကို Harutoရော Park Jeongwooပါ မကြိုက်ကြ။

တိတ်ဆိတ်မှု ခနကြာသွားတော့ Jeongwooဘက်ကပဲ မေ့မေ့ပျောက်ပျောက် ဘာမှမဖြစ်တဲ့ပုံစံနဲ့ စကားဆိုလာတယ်။

"စားလေ Ruto.... ခနနေ အီထယ်ဝမ်ဘက်သွားရအောင်"

"အင်း....ဒါနဲ့ ဘာလို့ အီထယ်ဝမ်လဲ အဲ့က ဆိုင်တွေက စျေးကြီးတယ် သူဌေးလေးရဲ့"

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now