21 (Unicode)

600 102 22
                                    

လွန်ခဲ့သောရက်အနည်းငယ်မှစ၍ Harutoတစ်ယောက်လည်း ပြဿနာတစ်ခုမက ကြုံတွေ့ကာ တစ်ယောက်ထဲ ဂယက်ပေါင်းများစွာ ထနေရသည်။

Jeongwooနဲ့ ပက်သက်ပြီး
သူ့ခံစားချက်တွေ မူမမှန်တော့မှန်း သူသိလာသည်။

Targetတွေပျောက်ပြီး လက်စားမချေချင်တော့သည်အထိ Jeongwooအပေါ်မြတ်နိုးမှုတွေက ပိုတိုးလို့လာကာ စိတ်တွေ မူမမှန်တော့မှန်း သူ့ကိုယ်သူလည်း ရိပ်စားမိလာသလို သူ့ဖုန်းကို ခနခန လာလာဆက်နေတဲ့ Minaရဲ့လေချိုသွေးစကားတွေ
ကြောင့်လည်း အကြပ်အတည်းထဲ ရောက်နေရသည်။

Harutoအတွက်တော့ ညဘက်ဆို ဝင်ဝင်လာတဲ့ ထိုဂျပန်အမျိုးသမီးရဲ့ ဖုန်းထဲက ပက်ချွဲနှပ်ချွဲ အသံနှင့် flirtingတွေလာလာလုပ်​ေနခြင်းကို နားမုဒိန်းကျင့်ခံရသကဲ့သို့ ခံစား​ေနရသည်မှာ တစ်ပတ်ကျော်ခဲ့ပြီ။

Second sem စာမေးပွဲကလည်း တစ်ပတ်သာ လိုတော့သည်မို့ ကျောင်းက နားရက်ပေးလိုက်သည်။

ထို့ကြောင့် တစ်ပတ်အတွင်း အလှည့်ကျဆိုသလို Dobbyအိမ်၊ Harutoအိမ်၊ Yedamအိမ်နှင့် Jeongwooအိမ်ဆိုပြီး ရက်အလိုက် အုပ်စုလိုက်စာလုပ်ဖြစ်ကြသည်။

လေးယောက်သားရဲ့ရင်းနှီးမှုက အတိုင်းထက်အလွန်ပင်။ဖုံးကွယ်ထားခြင်းတွေ မရှိတာကြောင့် Harutoနှင့် Jeongwooတွဲနေတာကို Doyoungရော Yedamရော နှစ်ယောက်လုံး သိကြသည်။

Harutoကတော့ အဲ့တစ်ပတ်အတွင်း သူကြုံခဲ့ရတဲ့ Exပြဿနာကိုပြောပြခဲ့ခြင်းမရှိ...။ သူ Jeongwooကိုဒါတွေပြောပြရလောက်တဲ့အထိတော့ စိတ်ဒဏ်ရာတွေမပေးချင်သေးပါ။

စာစုလုပ်တိုင်း Jeongwooမျက်နှာ တစ်ကမ္ဘာလုပ်မိပြီး မူမမှန်တော့တဲ့စိတ်နဲ့ စည်းချက်မညီတော့တဲ့ ရင်ခုန်သံအချို့ရဲ့ လမ်းနောက်ကို လိုက်ရင်း အဖြေရှာနေမိခဲ့သည်။

ယနေ့မနက်။
အချိန်က မနက်8နာရီခန့်။

Jeongwooတို့ အိမ်မှာပဲ စာစုလုပ်ကြမည်ဟု မနေ့ညက Katalk Group chatထဲမှာ ​ပြောခဲ့ကြတာမို့ Jeongwooတို့ အိမ်ဘက်ကို ကျွန်တော် လွယ်အိတ်တစ်လုံးယူရင်း ေခြလျင်ပဲ လျှောက်လာလိုက်တယ်။

ကျွန်တော် ဟိုရောက်သွားတော့ Jeongwooက အိမ်ရှေ့မှာဆောင့်ကြောင့်လေး ထိုင်ပြီးစောင့်နေလေရဲ့။

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now